နိုဝင်ဘာ - ၂၀ ( ကြာသပတေးနေ့ )
နိုင်ငံတကာ အိုလံပစ်ကော်မတီ (IOC) က အားကစားကို နိုင်ငံရေးအရ ဘက်မလိုက်သော နေရာအဖြစ် ထိန်းသိမ်းထားပေးရန် အစိုးရများကို တိုက်တွန်းထားပြီး အရည်အချင်းပြည့်မီသော အားကစားသမားတိုင်းသည် ခွဲခြားမှုမရှိဘဲ ယှဉ်ပြိုင်ခွင့်ရစေမှဖြစ်မယ် လို့ ဆိုလိုက်ပါတယ်။
တနင်္လာနေ့က ဘယ်လ်ဂျီယံနိုင်ငံ ဘရက်ဆဲလ်မြို့က အစည်းအဝေးတစ်ရပ်မှာ ပြောကြားရာတွင် IOC ဥက္ကဋ္ဌ ခရစ်တီကွန်ဗန်ထရီ က အိမ်ရှင်နိုင်ငံများနှင့် အားကစားစီစဉ်သူများကို "အားလုံးအတွက် အာမခံချက်"၊ အားကစားကို "မျှော်လင့်ချက်မီးရှူးတန်ဆောင်" နှင့် "ကြားနေမြေ" အဖြစ် သတ်မှတ်ပေးရန် တောင်းဆိုခဲ့ပါတယ်။
၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလတွင် ရုရှား-ယူကရိန်းပဋိပက္ခ ပြင်းထန်လာပြီးနောက် ရုရှားနှင့် ဘီလာရုစ် အားကစား သမားများကို အားကစားပြိုင်ပွဲများတွင် ပါဝင်ယှဉ်ပြိုင်ခွင့် တားမြစ်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ သီတင်ပတ် အတွင်းက အဲ့ဒိအားကစားသမားတွေကို ပိတ်ဆို့အရေးယူမှုများ သက်တမ်းတိုးရန် ဆုံးဖြတ်ချက်ချတာနဲ့ ပတ်သက်ပြီး IOC ဥက္ကဋ္ဌ က အထက်ပါမှတ်ချက်ကို ထုတ်ပြန်လိုက်တာပါ။ အီတလီတွင် ပြုလုပ်မည့် ဆောင်းရာသီ အားကစားပြိုင်ပွဲ တွင် ရုရှား၊ ဘီလာရုစ်အားကစားသမားများကို ကြားနေအလံအောက်တွင် တဦးချင်းယှဉ်ပြိုင်ခွင့်ပြုရန်အတွက် စီစဉ်ထားပါတယ်။
“ဒါက အိုလံပစ်ပွဲတော်ရဲ့ အနှစ်သာရပါပဲ၊ အရည်အချင်းပြည့်မီတဲ့ အားကစားသမား၊ အဖွဲ့နဲ့ တာဝန်ရှိသူတိုင်းဟာ ခွဲခြားဆက်ဆံခြင်း သို့မဟုတ် နိုင်ငံရေးအရ စွက်ဖက်ခြင်းမရှိဘဲ ပါဝင်နိုင်ရပါမယ်” လို့ သူမက ပြောကြားခဲ့ပါတယ်။ အဓိကကျတဲ့အချက်တွေကို IOC က ၎င်း၏တရားဝင် ဝဘ်ဆိုက်တွင် ဖော်ပြထားပါတယ်။
အိုင်အိုစီကို ဦးဆောင်တဲ့ ပထမဆုံး အာဖရိကန်နိုင်ငံသားအဖြစ် ဇွန်လတွင် တာဝန်ထမ်းဆောင်ခဲတဲ့ ကွန်ဗန်ထရီ က ဇင်ဘာဘွေအတွက် ရေကူးပြိုင်ပွဲတွင် အိုလံပစ်ရွှေတံဆိပ်နှစ်ခုကိုရယူခဲ့တဲ့သူဖြစ်ပါတယ်။ “ကျနော်တို့ တိုင်းပြည် မငြိမ်မသက်ဖြစ်တဲ့အခါ ကျနော့်ကို ဒဏ်ခတ်ပိတ်ဆို့ဖို့ ဆုံးဖြတ်ခဲ့မယ်ဆိုရင် အိုလံပစ်အားကစားပြိုင်ပွဲကို ဝင်နိုင်မှာမဟုတ်ပါဘူး။ ကျနော်က အခုလို အိုလံပစ်ဆုတံဆိပ်တွေ ဆွတ်ခူးနိုင်မှာမဟုတ်ဘူး” ၎င်းက အတိတ်အကြောင်းကို ပြန်ပြောပြပါတယ်။
လက်နက်ကိုင်ပဋိပက္ခများကြောင့် အားကစားသမားများအား အိုလံပစ်ပြိုင်ပွဲမှ တားမြစ်ခြင်းအား မထောက်ခံကြောင်းနှင့် ရုရှားနိုင်ငံကို အားကစားပြိုင်ပွဲများတွင် ပြန်လည်ဝင်ရောက်ယှဉ်ပြိုင်မှုဆိုင်ရာ ဆွေးနွေးမှုများ စတင်ရန် အစီအစဉ်များကို ကြေညာခဲ့ပါတယ်။
နွေရာသီ အားကစားအဖွဲ့ချုပ်အများအပြားသည် ယခုကမ္ဘာ့ချန်ပီယံပြိုင်ပွဲများတွင် ကြားနေ ရုရှားအားကစားသမားများကို ခွင့်ပြုထားသော်လည်း ဆောင်းရာသီအားကစားအဖွဲ့အများစုသည် အပြည့်အဝ ပိတ်ပင်မှုကို ဆက်လက်ကျင့်သုံးလျက်ရှိသည်။
REF: RT
https://t.me/MyanmarNationalPost

No comments:
Post a Comment