နေပြည်တော်၊ နိုဝင်ဘာ ၂၀
ရန်ကုန်တိုင်းဒေသကြီး၊ ကိုကိုးကျွန်းမြို့နယ်နှင့် ဧရာဝတီတိုင်းဒေသကြီး၊ ဟိုင်းကြီး ကျွန်းမြို့နယ်အတွင်းရှိ ကျေးရွာများနှင့် ပတ်ဝန်းကျင်ကျေးရွာများမှ မှဒေသခံပြည်သူ များအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးရန်အတွက် တပ်မတော်ပင်လယ်သွားဆေးရုံရေယာဉ်(သံလွင်)ဖြင့် ရောက်ရှိနေသည့် တပ်မတော်မှ ပါရဂူများ၊ ဆေးမှူးများနှင့် သူနာပြုများပါဝင်သော တပ်မတော်နယ်လှည့်အထူးကု ဆေးအဖွဲ့သည် ယနေ့နံနက်ပိုင်းတွင် ဧရာဝတီတိုင်းဒေသကြီး၊ ငပုတောမြို့နယ်၊ ဟိုင်းကြီးကျွန်းမြို့နှင့် အနီးပတ်ဝန်းကျင် ကျေးရွာများရှိ ဒေသခံပြည်သူ ၅၃၀ ဦးအား နယ်မြေခံတပ်မတော်ဆေးရုံ၌ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆက်လက် ဆောင်ရွက်ပေးသည်။
ထိုသို့ဆောင်ရွက်ပေးရာတွင် ဆေးကုသမှုဆိုင်ရာရောဂါ ၁၉၂ ဦး၊ ခွဲစိတ်ရောဂါ ၅၉ ဦး၊ သားဖွားမီးယပ်ရောဂါ ၁၆ ဦး၊ ကလေးရောဂါ ၄၂ ဦး၊ အရိုးရောဂါ ၇၉ ဦး၊ နား၊ နှာခေါင်း၊ လည်ချောင်းရောဂါ ၄၉ ဦး၊ မျက်စိရောဂါ ၇၈ ဦးနှင့် သွားနှင့်ခံတွင်းရောဂါ ၁၅ ဦးတို့ကို လိုအပ်သည့် ဆေးဝါးကုသမှုများ ဆောင်ရွက်ပေးသည်။ ၎င်းတို့အနက် အထွေထွေခွဲစိတ်လူနာ ၁၀ ဦး၊ မျက်စိခွဲစိတ်လူနာ ၇ ဦး၊ ဓာတ်မှန်ရိုက်လူနာ ၁၈ ဦး၊ အာထရာဆောင်းဖြင့် စမ်းသပ်စစ်ဆေးလူနာ ၃၆ ဦး၊ ECG စက်ဖြင့် နှလုံးစမ်းသပ်လူနာ ၂၇ ဦးနှင့် ဓာတ်ခွဲစမ်းသပ်လူနာ ၄၈ ဦးတို့ကို ရောဂါရှာဖွေစမ်းသပ်ကုသပေးခြင်းများ ဆောင်ရွက်ပေးသည်။
ထိုအပြင် တပ်မတော်နယ်လှည့်အထူးကု ဆေးအဖွဲမှ ပါရဂူများက ဟိုင်းကြီးကျွန်း မြိုနယ်၊ စံပြကျေးရွာနေ ဦးအောင်ဖြိုး ၏ဇနီး ဒေါ်ဖြူဖြူသင်း၏ ပထမဆုံးကိုယ်ဝန်ကို နံနက် ၇ နာရီ ၅၁ မိနစ်တွင် ၅ ပေါင် ၄ အောင်စရှိ သမီးဦးရတနာ မသင်းသံလွင် အား အောင်မြင်စွာ ခွဲစိတ်မွေးဖွားပေးနိုင်ခဲ့ပြီး မိခင်နှင့်ကလေးမှာ ကျန်းမာရေးကောင်းမွန် လျက်ရှိသည်။
၎င်းကလေးငယ်အား တာဝန်ရှိသူများက ချီးမြှင့်ငွေနှင့် လက်ဆောင်ပစ္စည်းများ ပေးအပ်သည်။ အဆိုပါ ကလေးငယ်သည် ယခုခရီးစဉ်အတွင်း ပထမဆုံးအကြိမ်မွေးဖွားပေးခဲ့သည့် ကလေးငယ်ဖြစ်ပြီး တပ်မတော်ပင်လယ်သွားဆေးရုံရေယာဉ်(သံလွင်)ဖြင့် ၂၀၁၆ ခုနှစ်မှစ၍ မြန်မာ့ပင်လယ်ကမ်းရိုးတန်းဒေသများနှင့် ပတ်ဝန်းကျင်ကျေးရွာများရှိဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးလျက် ရှိရာ (၁၈)ကြိမ်မြောက်အထိ ကိုယ်ဝန်ဆောင်မိခင်(၂၂)ဦးတိုအား အောင်မြင်စွာ မွေးဖွားပေးနိုင်ခဲ့ပြီး ယခု (၁၉) ကြိမ်မြောက်တွင် (၂၃)ဦးမြောက် ကိုယ်ဝန်ဆောင်မိခင်ကို အောင်မြင်စွာ မွေးဖွားပေးခဲ့ခြင်းဖြစ်သည်။
အလားတူ ၂၀၁၆ ခုနှစ် မတ်လ(၂) ရက်နေ့တွင် ပထမဦးဆုံးအောင်မြင်စွာ မွေးဖွားပေးခဲ့သည့် အသက်(၁၀)နှစ်အရွယ်ရှိ သမီးငယ် မေသံလွင် အား တပ်မတော် ပင်လယ်သွားဆေးရုံရေယာဉ်(သံလွင်)ပေါ်တွင် တာဝန်ရှိသူများက ခေါ်ယူတွေ့ဆုံပြီး ချီးမြှင့်ငွေနှင့် အာဟာရပြည်စားသောက်ဖွယ်ရာများကို ပေးအပ်ပြီး ကျန်းမာရေးစစ်ဆေး ပေးခြင်းများ ဆောင်ရွက်ပေးကြသည်။
၎င်းအပြင် ဒေသခံပြည်သူများ၏ ဆေးဝါးကုသမှုခံယူနေမှုများကို နယ်မြေခံတပ်မှ တာဝန်ရှိသူများက လိုက်လံကြည့်ရှုအားပေးပြီး မျက်စိခွဲစိတ်လူနာများအား မျက်မှန်များ တပ်ဆင်ပေးခြင်း၊ အာဟာရပြည့်စားသောက်ဖွယ်ရာများ ပေးအပ်ခြင်းနှင့် ဆေးကုသမှု ခံယူကြသည့် ဒေသခံပြည်သူများ အဆင်ပြေစေရန်အတွက် မော်တော်ယာဉ်များဖြင့် အကြို/အပို့ ဆောင်ရွက်ပေးသည့်အပြင် နံနက်စာ ကျွေးမွေးခြင်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။
https://t.me/MyanmarNationalPost



No comments:
Post a Comment