နေပြည်တော်၊ နိုဝင်ဘာ ၃
မြန်မာနိုင်ငံမှ အိမ်ရှင်အဖြစ်ကျင်းပပြုလုပ်သည့် မြန်မာ-ရုရှားနှစ်နိုင်ငံ ဗိုလ်လောင်း များ သေနတ်ပစ်ပြိုင်ပွဲကို ဗထူးတပ်မြို့ တပ်မတော်(ကြည်း) ဗိုလ်သင်တန်းကျောင်း (ဗထူး)ရှိ မီတာ ၆၀၀ အာဆီယံစက်ပစ်ကွင်း၌ နိုဝင်ဘာ ၁ ရက်မှ ၃ ရက်အထိ ပြုလုပ်ခဲ့ရာ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း) ဒုတိယတပ်မတော်လေ့ကျင့်ရေးအရာရှိချုပ် ဗိုလ်ချုပ် အောင်မျိုးသန့်နှင့် အရာရှိကြီးများ၊ ဒိုင်အဖွဲ့ဝင်များနှင့် ပြိုင်ပွဲဝင်အသင်း ဗိုလ်လောင်းများ၊ ရုရှားနိုင်ငံ၊ ရုရှားတပ်မတော်မှ သေနတ်ပစ်အသင်း အဖွဲ့ခေါင်းဆောင် Lieutenant Colonel Andrey SEMENENKO ၊ ဒုတိယစစ်သံမှူးLieutenant Colonel Aleksei OLEINIKOV ၊နည်းပြအရာရှိများနှင့် ပြိုင်ပွဲဝင်ဗိုလ်လောင်းများတက်ရောက် ကြသည်။
ဦးစွာ ဖွင့်ပွဲအခမ်းအနားတွင် မြန်မာ-ရုရှား နှစ်နိုင်ငံအလံကို စက်ပစ်ကွင်းအတွင်း သယ်ဆောင်ပြီး နှစ်နိုင်ငံအလံလွှင့်ထူကာ အလေးပြုကြသည်။ ထို့နောက် ဒုတိယ တပ်မတော်လေ့ကျင့်ရေးအရာရှိချုပ် ဗိုလ်ချုပ် အောင်မျိုးသန့်က အဖွင့်အမှာစကားပြော ကြားပြီး အမှတ်တရစုပေါင်းမှတ်တမ်းဓာတ်ပုံရိုက်ကြသည်။
ဆက်လက်၍ ၃၀၀မီတာ ဗိုလ်လောင်းရိုင်ဖယ်ပစ်ပြိုင်ပွဲ၊ ၂၅ မီတာ ဗိုလ်လောင်း ပစ္စတိုပစ်ပြိုင်ပွဲစသည့် ပြိုင်ပွဲအမျိုးအစားအလိုက် သေနတ်ပစ်ပြိုင်ပွဲကို ၃ ရက်အကြာ ကျင်းပခဲ့ပြီးပိတ်ပွဲနှင့် ဆုပေးပွဲအခမ်းအနားကို ဆက်လက်ပြုလုပ်ရာ ကာကွယ်ရေးဦးစီး ချုပ်ရုံး(ကြည်း)မှ ဒုတိယတပ်မတော်လေ့ကျင့်ရေးအရာရှိချုပ် ဗိုလ်ချုပ် အောင်မျိုးသန့်က အမှာစကားပြောကြားသည်။ ယင်းနောက် ပြိုင်ပွဲအမျိုးအစားအလိုက် တစ်ဦးချင်းဆုရရှိကြ သူများနှင့် အသင်းလိုက် ဆုရရှိကြသူများအား တာဝန်ရှိသူများက ဆုများအသီးသီးပေး အပ်ချီးမြှင့်ကြသည်။
အဆိုပါ မြန်မာ-ရုရှား နှစ်နိုင်ငံ ဗိုလ်လောင်းများ သေနတ်ပစ်ပြိုင်ပွဲကို ရုရှား-မြန်မာနှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှု ပိုမိုရရှိစေရန်၊ နှစ်နိုင်ငံ တပ်မတော်နှစ်ရပ်အကြား ပူးပေါင်း ဆောင်ရွက်မှု ပိုမိုတိုးတက်စေရန်၊ နှစ်နိုင်ငံဗိုလ်လောင်များချစ်ကြည်ရင်းနှီးမှု ပိုမိုရရှိစေရန်နှင့် နှစ်နိုင်ငံသေနတ်ပစ်အားကစားနည်းစနစ် ဖလှယ်ရန်အတွက် ရည်ရွယ် ၍ကျင်းပခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
https://t.me/MyanmarNationalPost

No comments:
Post a Comment