အမေရိကန် ကာကွယ်ရေးဝန်ကြီး တောင်ကိုရီးယားကို အလည်လာလို့ မြောက်ကိုရီးယားက ဒုံးကျည် ၁၀ စင်း ပစ်လွှတ်ပြ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အမေရိကန် ကာကွယ်ရေးဝန်ကြီး တောင်ကိုရီးယားကို အလည်လာလို့ မြောက်ကိုရီးယားက ဒုံးကျည် ၁၀ စင်း ပစ်လွှတ်ပြ



နိုဝင်ဘာ - ၄ ( အင်္ဂါနေ့ ) 

တောင်ကိုရီးယားစစ်တပ်ဘက်က ပြောကြားချက်အရ ကိုရီးယားနှစ်နိုင်ငံကြား  ပိုင်းခြားထားတဲ့ စစ်မဲ့ဇုန်နားကို တောင်ကိုရီးယား နဲ့ အမေရိကန် ကာကွယ်ရေးဝန်ကြီးတွေ ပူးတွဲသွားရောက်ခါနီး မနေ့က ညနေ ၄ နာရီလောက် မှာ မြောက်ကိုရီးယားက ပင်လယ်ဝါ မြောက်ပိုင်း ရေပြင်ဘက်သို့ ဒုံးကျည် ၁၀ စင်းပစ်လွှတ်ခဲ့ကြောင်း သိရပါတယ်။  တောင်ကိုရီးယား - အမေရိကန် ပူးတွဲစစ်ဘက်ဆိုင်ရာအဖွဲ့တွေက မြောက်ကိုရီးယားရဲ့ လက်နက်စမ်းသပ်မှုအပေါ် ခွဲခြမ်းစိတ်ဖြာမှုများ လုပ်ဆောင်နေပြီလို့လည်း ထည့်သွင်းပြောကြားခဲ့ပါတယ်။ 

အမေရိကန် ကာကွယ်ရေးဝန်ကြီး ပီတီဟဂ်ဆက် နဲ့ တောင်ကိုရီးယား ကာကွယ်ရေး ဝန်ကြီး  အန်ဂျူဘက်တို့က  စစ်မဲ့ဇုံအတွင်းမှာရှိတဲ့ ပူးတွဲလုံခြုံရေးနယ်မြေရဲ့ တောင်ဘက်ရှိ ကမ့်ဘိုနီဖာသို့  ပူးတွဲသွားရောက်ရန် တစ်နာရီအလိုတွင် ဒုံးကျည်ပစ်လွှတ်မှု ဖြစ်ပွားခဲ့ခြင်း ဖြစ်ပါတယ်။

ညနေ ၃ နာရီလောက်ကနေစပြီး ဒုံးကျည် ၁၀ စင်း ကို ပစ်လွှတ်ခဲ့တာပါ။ "ကျနော်တို့ စစ်တပ်တွေက တောင်ကိုးရီးယား-အမေရိကန် ပေါင်းစပ်ကာကွယ်ရေး အနေအထားအောက်မှာရှိပြီး မြောက်ကိုရီးယားရဲ့ လှုပ်ရှားမှုအမျိုးမျိုးကို အနီးကပ် စောင့်ကြည့်နေပါတယ်။ ဘယ်လို ခြိမ်းခြောက်မှုကိုမဆို ပြန်လည် တုံ့ပြန်နိုင်တဲ့ စွမ်းရည်တွေကို ထိန်းသိမ်းထားပါတယ်” လို့ ပူးပေါင်း စစ်ဆင်ရေးအဖွဲ့က ဆိုပါတယ်။ 

မြောက်ကိုရီးယား၏ ဒုံးကျည်ပစ်လွှတ်မှုအများအပြားက ကုလသမဂ္ဂလုံခြုံရေးကောင်စီရဲ့ ဆုံးဖြတ်ချက်များကို ချိုးဖောက်ခြင်းမရှိပေမဲ့ မြောက်ကိုရီယားက ၎င်းတို့ရဲ့ ဒုံးပစ်လောင်ချာများက ဆိုးလ်မြို့နဲ့ အခြားမြို့တွေကို ရောက်ရှိနိုင်တယ်ဆိုတာကို ပြသနေသလို ဖြစ်နေပါတယ်။ 

တောင်ကိုရီးယားမှာကျင်းပတဲ့ APEC(အေးပက်) ထိပ်သီးအစည်းအဝေးကို အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် မလာရောက်မီ တစ်ပတ်ခန့်အလိုကလည်း မြောက်ကိုရီးယားက တာတိုပစ်ဒုံးကျည်အများအပြား ပစ်ခတ်ပြခဲ့ပါတယ်။


REF: UPI

https://t.me/MyanmarNationalPost


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)