၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲဆိုင်ရာ အသိပညာပေးနှိုးဆော်မှုများ ရိုက်ကူးရေးတွင် သဘင်အနုပညာရှင်များ ပါဝင်ဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲဆိုင်ရာ အသိပညာပေးနှိုးဆော်မှုများ ရိုက်ကူးရေးတွင် သဘင်အနုပညာရှင်များ ပါဝင်ဆောင်ရွက်


နေပြည်တော်၊ နိုဝင်ဘာ ၁၈

၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကို လာမည့် ဒီဇင်ဘာ ၂၈ ရက်တွင် စတင်ကျင်းပမည်ဖြစ်ရာ ရွေးကောက်ပွဲအောင်မြင်စွာကျင်းပနိုင်ရေးအတွက် တိုင်းရင်းသားပြည်သူတစ်ရပ်လုံး ဝိုင်းဝန်းပါဝင်ဆောင်ရွက်ရေး အသိပညာပေးနှိုးဆော်မှုများရိုက်ကူးရေး ဆောင်ရွက်လျက်ရှိရာ ယမန်နေ့က ရန်ကုန်မြို့ ပြည်လမ်းရှိ မြန်မာ့အသံနှင့် ရုပ်မြင်သံကြား၌ သဘင်အနုပညာရှင်များ ပါဝင်ဆောင်ရွက်ကြသည်။

ထိုသို့ ဆောင်ရွက်မှုတွင် သဘင်အနုပညာရှင်များဖြစ်ကြသည့် ဦးနန်းဝင်း၊ အောင်သွေးသစ်၊ ထက်မြက်၊ ဇော်ကြီး(မအူပင်)၊ ရန်ရှင်း၊ ပန်းအိစံ၊ ပန်းကဗျာ၊ ရွှန်းလဲ့အိမ်၊ ငွေနန်းစံ၊ ပိုးပိုးအိမ်၊ သင်းသံသာ တို့က ရွေးကောက်ပွဲဆိုင်ရာ ပြည်သူအသိပညာပေး နှိုးဆော်မှုများ ရိုက်ကူးရေးတွင် ဆန္ဒအလျောက် ပါဝင်ဆောင်ရွက်ကြခြင်းဖြစ်သည်။

ပြည်သူများလိုလားသည့် ဒီမိုကရေစီနိုင်ငံတော်ကို ရွေးကောက်ပွဲနှင့်သာ ဖော်ဆောင်နိုင်မည်ဖြစ်ရာ ပြည်သူတစ်ရပ်လုံးက ရွေးကောက်ပွဲကြီးတွင် ပါဝင်မဲပေးပြီး ဒီမိုကရေစီနိုင်ငံတော်ကို အတူတကွ ဖော်ဆောင်နိုင်ရန်အတွက် ပြည်သူချစ်သော သဘင်အနုပညာရှင်များကလည်း တစ်ဖက်တစ်လမ်းမှ ပူးပေါင်းပါဝင်ဆောင်ရွက်ကြခြင်းဖြစ်ကြောင်း သိရသည်။

     

https://t.me/MyanmarNationalPost


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)