သာကေတ ၊ နိုဝင်ဘာ ၂၁
ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ သာကေတမြို့နယ်ကျက်သရေဆောင် ဇိနမာရ်အောင်စေတီတော်ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ကြီးမှူး၍စတုတ္ထအကြိမ်ရွှေသင်္ကန်းကပ်လှူပူဇော်နိုင်ရေးအတွက် စေတီတော်ကြီး၏ စိန်ဖူးတော်နှင့် ငှက်မြတ်နားတော်တို့ ပင့်ဆောင်ပူဇော်ခြင်းကို နိုဝင်ဘာ ၁၉ ရက် နံနက် ၉ နာရီက အဆိုပါစေတီတော်၌ ကျင်းပပြုလုပ်သည်။
ဦးစွာ နံနက်၉နာရီတွင် ဇိနမာရ်အောင်စေတီတော်စတုထ္ထအကြိမ် ရွှေသင်္ကန်းကပ်လှူပူဇော်ရေးရေးဦးစီးကော်မတီဥက္ကဋ္ဌ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်တီဥက္ကဋ္ဌ ဦးကျော်သူနှင့် အဖွဲ့ဝင် ဦးညွန့်ဝေ၊ စေတီတော်ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့နှင့် ဦးကွန်းဇော်ထက် (အောင်/မြန်မာမှုရွှေချနှင့် ရွှေမိုက်ထုတ်လုပ်ငန်း) တို့က စေတီတော်ကြီးရွှေသင်္ကန်းပြန်လည်ကပ်လှူပူဇော်နိုင်ရန် စိန်ဖူးတော်နှင့် ငှက်မြတ်နားတော်တို့ကို ဂုဏ်တော်ကိုးပါးရွတ်ဖတ်ကာ စေတီတော်ရင်ပြင်သို့ အဆင့်ဆင့်ပင့်ဆောင်ပူဇော်သည်။ ယင်းမှတစ်ဆင့် စေတီတော်သြဝါဒါစရိယဆရာတော်များဖြစ်ကြသည့် တိပိဋကာလင်္ကာရစာသင်တိုက်ဦးစီးပဓာနနာယက ရန်ကုန်တိုင်းဒေသကြီး သံဃနာယကအဖွဲ့ဥက္ကဋ္ဌ ဒွိပိဋကဓရ၊ အဂ္ဂမဟာပဏ္ဍိတ ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဒေါက်တာဘဒ္ဒန္တအဂ္ဂသာမိ၊သာကေတမြို့နယ်သံဃနာယကအဖွဲ့ဥက္ကဋ္ဌအောင်မော်စံစာသင်တိုက် ဒုတိယနာယကအဂ္ဂမဟာဂန္ထဝါစပဏ္ဍိတ၊ သာသနဓဇဓမ္မာစရိယ၊ B.A ဘဒ္ဒန္တ သောဘနနှင့် သံဃာတော်များ၊ စတုထ္ထအကြိမ် ရွှေသင်္ကန်းကပ်လှူပူဇော်ရေးဦးစီးကော်မတီဥက္ကဋ္ ဌသာကေတမြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်တီဥက္ကဋ္ဌ ဦးကျော်သူ၊အဖွဲ့ဝင် ဦးညွန့်ဝေ၊ စေတီတော်ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ဥက္ကဋ္ဌ ဦးကြည်ဝင်းနှင့် အဖွဲ့ဝင်များ၊ ဦးကွန်းဇော်ထက် (အောင်/မြန်မာမှုရွှေချနှင့် ရွှေမိုက်လုပ်ငန်း) နှင့် လုပ်သားများက စိန်ဖူးတော်နှင့် ငှက်မြတ်နားတော်တို့ကို ပရိတ်တရားတော်များ ရွတ်ဖတ်သရဇ္စျာယ်ကာရင်ပြင်တော်ပရိဝုဏ်ရှိ ဝိမုတ္တိရသဓမ္မဗိမာန်တော်ကြီးဆီသို့ ပရိတ်တရားတော်များရွတ်ဖတ်ကာ ပင့်ဆောင်ပူဇော်သည်။
ထို့နောက်သံဃာတော်များကစိန်ဖူးတော်နှင့်ငှက်မြတ်နားတော်တို့အား ဗုဒ္ဓဘိသေကအနေကဇာတင်ခဲ့ကြပြီး သံဃာတော်များကို နေ့ဆွမ်းနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်ကာ လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချခဲ့ကြသည်။ စိန်ဖူးတော်နှင့် ငှက်မြတ်နားတော်တို့သည် ယခုအခါ ဝိမုတ္တိရသဓမ္မဗိမာန်တော်ကြီး၌ ကိန်းဝပ်စံပါယ်လျက်ရှိကာ ဖူးမြှော်လိုသူများ လာရောက်ဖူးမြှော်နိုင်ပြီး ရွှေသင်္ကန်းဆက်ကပ်လိုပါကလည်း ၂ လက်ပတ်လည် ၁၀ ချပ်ပါတစ်ဆိုင်းလျင် ၄၀၀၀၀ ကျပ်ဖြင့် စေတီတော်ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့နှင့်အလှူခံဌာနသို့လည်းကောင်း၊ဘဏ္ဍာရေးမှူးဦးအောင်သိန်းဖုန်း၀၉၄၄၃၀၁၁၈၈၇နှင့်တွဲဖက်ဘဏ္ဍာရေးမှူးဦးအောင်အောင်ဖုန်း၀၉၅၁၉၄၆၃၅ သို့လည်းကောင်း ဆက်သွယ်လှူဒါန်းနိုင်ကြောင်း သိရသည်။
သဲထက်ဇင်
https://t.me/MyanmarNationalPost
No comments:
Post a Comment