ဒုတိယအကြိမ် ထုတ်ပြန်ကြေညာထားသောမဲစာရင်း လာရောက်ကြည့်ရှုသော ဒေသခံပြည်သူများအား MEVM မဲပေးစက်သရုပ်ပြခြင်း ဆောင်ရွက် - Myanmar National Post

Myanmar National Post

News Agency

Breaking

ဒုတိယအကြိမ် ထုတ်ပြန်ကြေညာထားသောမဲစာရင်း လာရောက်ကြည့်ရှုသော ဒေသခံပြည်သူများအား MEVM မဲပေးစက်သရုပ်ပြခြင်း ဆောင်ရွက်



 

ကြို့ပင်ကောက်  ၊ နိုဝင်ဘာ ၂၁ 

ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် ကြို့ပင်ကောက်မြို့နယ်အတွင်း ၂၀၂၅ ခုနှစ် ဒီဇင်ဘာလတွင်ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ ကျင်းပနိုင်ရေးအတွက် ယနေ့က ဒုတိယအကြိမ်မဲဆန္ဒရှင်စာရင်းများ ကြေညာထားရှိမှုကို လာရောက်ကြည့်ရှုသော ဒေသခံပြည်သူများအား MEVM မဲပေးစက်သရုပ်ပြခြင်းများ တစ်ပါတည်းပြုလုပ်ခဲ့သည်။

မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်ကျော်ဇေယျ၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များက မဲစာရင်းလာရောက်ကြည့်ရှုသူပြည်သူများနှင့်တွေ့ဆုံ၍ မဲဆန္ဒရှင်စာရင်းများပြင်ဆင်ခြင်း၊ ဖြည့်စွက်ခြင်းနှင့် စိစစ်ဆောင်ရွက်မှုလုပ်ငန်းများကိုကြည့်ရှုစစ်ဆေးပြီး မဲဆန္ဒရှင်များ၏အခက်အခဲများကို ပူးပေါင်းဖြေရှင်းဆောင်ရွက်ပေးခဲ့ကြောင်း မဲစာရင်းလာရောက်ကြည့်ရှုသူများကို MEVM မဲပေးစက်ဖြင့် မဲပေးတက်စေရန် လက်တွေ့သရုပ်ပြပေးခြင်းများလည်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ကြို့ပင်ကောက်မြို့နယ်အတွင်း ပထမအကြိမ် ရွေးကောက်ပွဲအား ရပ်ကွက်(၁၀)ရပ်ကွက်နှင့် ကျေးရွာအုပ်စု(၄၀)တွင် ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး မဲဆန္ဒရှင်ပြည်သူများမှ  မိမိတို့၏ အမည်ပါမပါနှင့် မဲပေးပိုင်ခွင့်ရှိသူများအနေဖြင့် မဲပေးပိုင်ခွင့်များဆုံးရှုံးမှုမရှိစေ‌‌ရေး ပြင်ဆင်ဆောင်ရွက်နိုင်ရန်အတွက် ဒုတိယအကြိမ် မဲစာရင်းများကို သတ်မှတ်နေရာများတွင် နိုဝင်ဘာလ (၂၁)ရက်နေ့မှ ဒီဇင်ဘာလ(၄)ရက်နေ့အထိ ကြေညာထားရှိမည်ဖြစ်ကြောင်း သိရသည်။


ဇေယျာထွန်း 

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)