လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်တွင် ယဉ်တိုက်မှုဖြစ်စဉ်တွင် အမျိုးသား ၁ဦးနှင့် ကလေးငယ် ၁ဦး သေဆုံး - Myanmar National Post

Myanmar National Post

News Agency

Breaking

လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်တွင် ယဉ်တိုက်မှုဖြစ်စဉ်တွင် အမျိုးသား ၁ဦးနှင့် ကလေးငယ် ၁ဦး သေဆုံး





ရန်ကုန်၊ နိုဝင်ဘာ ၂၄‎

အင်းစိန်ခရိုင်၊ လှိုင်သာယာအနောက်ပိုင်းမြို့နယ်၊ အလယ်ကျေးရွာအုပ်စု ခရေပင်လမ်းမကြီး Denko ဆီဆိုင်ရှေ့နားတွင် (၂၄. ၁၁. ၂၀၂၅) ရက်နေ့ ( ၁၀း၁၅) အချိန် အနောက်မှအရှေ့သို့ မောင်းနှင်လာသော 5C4576 ယာဉ်မောင်း(စိစစ်ဆဲ) မှန်လုံကားမှ အရှိန်လွန်/ ဘရိတ်ပေါက်ပြီး ယာဉ်တိုက်မှုဖြစ်ပွားခဲ့ရာ အမျိုးသား ၁ဦး၊ ကလေးငယ် ၁ဦး သေဆုံးခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်တွင် (5C-4576) မှန်လုံကျောင်းကားမှ အရှိန်လွန် (ဘရိတ်ပေါက်)၍ လမ်းတစ်ဖက်တည်းရှိ ယာဉ်မောင်းဦးစောရန်နိုင် မောင်းနှင်နေသော (7P-1003) HIJET အဖြူရောင် ယာဉ်နှင့်အတူ အဌားယာဉ် ဆိုင်ကယ်သုံးဘီး (၃)စီး၊ အရှေ့မှအနောက်သို့ မောင်းနှင်လာသော ယာဉ်မောင်း ဇော်လင်းဦး (6G-2841) ကုန်ကား တို့အားအရှိန်လွန်(ဘရိတ်ပေါက်)၍ တိုက်မိရာ ဆိုင်ကယ်သုံးဘီးမောင်းနှင်သူ ဦးမျိုးသက်ထွန်း၊ (ဘ) ဦးထွန်းဝေ၊ အမှတ် ၇၈၂၊ ငုဝါလမ်း၊ အလယ်ကျေးရွာအုပ်စုနေသူ (ကွယ်လွန်)၊ သုံးဘီးအဌားယာဉ်မောင်း ဦးရန်နောင်စိုး၊(ဘ) ဦးမြင့်ဝင်း၊ အမှတ် ၇၂၅၊ ခရေလမ်း၊ အလယ်ကျေးရွာအုပ်စု  (မစိုးရိမ်ရ)၊ သုံးဘီးအနှေးယာဉ် ငှားစီးသူ ဥက္ကာဖြိုးမောင်၊ (ဘ) ဦး‌အောင်ဖြိုးဝေ၊ အသက် (၁ နှစ် ၉လ)၊ နှင်းဆီလမ်း၊ အလယ်ကျေးရွာအုပ်စု နေထိုင်သူ (ကွယ်လွန်)သူတို့အား လှိုင်သာယာပြည်သူ့ဆေးရုံသို့ပို့ဆောင်ပြီးဖြစ်ပါကြောင်း သိရသည်။

ဖြစ်စဉ်တွင် (5C-4576) မှန်လုံကျောင်းကား မောင်းနှင်သူ တိမ်းရှောင် ထွက်ပြေးလျက်ရှိကြောင်း သိရသည်။


#News

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)