ကွမ်းခြံကုန်းမြို့နယ်၌ မြို့နယ်လုံးကျွတ် စုပေါင်းမဟာဘုံကထိန်အလှူတော်မင်္ဂလာ ရေစက်ချအခမ်းအနား စည်ကားသိုက်မြိုက်စွာ ကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

ကွမ်းခြံကုန်းမြို့နယ်၌ မြို့နယ်လုံးကျွတ် စုပေါင်းမဟာဘုံကထိန်အလှူတော်မင်္ဂလာ ရေစက်ချအခမ်းအနား စည်ကားသိုက်မြိုက်စွာ ကျင်းပ

 


ကွမ်းခြံကုန်း  ၊   နိုဝင်ဘာဘာ  ၁


ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကွမ်းခြံကုန်းမြို့နယ်တွင် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ၏ ဦးဆောင်မှုဖြင့်မြို့နယ် ဌာနဆိုင်ရာများ၊ အလှူရှင်များစုပေါင်း၍ လှူဒါန်းသော အကြိမ်(၂၀)မြောက် မြို့နယ်လုံးကျွတ် စုပေါင်းမဟာဘုံကထိန်အလှူတော်မင်္ဂလာရေစက်ချ အခမ်းအနားကို ယမန်နေ့က မြို့နယ်အထွေထွေအုပ်ချုပ်ရေဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့သည်။

ဦးစွာအခမ်းအနားကို ကြွရောက်လာကြသည့် ဆရာတော်သံဃာတော်များနှင့် ဧည့်ပရိသတ် အပေါင်းတို့က နမောတဿ သုံးကြိမ်ရွတ်ဆို၍ အခမ်းအနား ဖွင့်လှစ်ခဲ့ပြီး၊ မြို့နယ်သံဃနာယက ဥက္ကဋ္ဌဥူးပဏ္ဍိတထံမှ ငါးပါးသီလခံယူဆောက်တည်၍ ကထိန်အနုမောဒနာ တရားတော်ကို နာယူကြပြီး ဆရာတော်အရှင်သူမြတ်တို့ ရွတ်ပွားသရဇ္စျယ်အပ်သော ပရိတ်တရားတော်အား နာယူကြည်ညိုခဲ့ကြသည်။ ဆက်လက်၍ ဆရာတော်အရှင်သူမြတ်တို့အား ကထိန်လျာသင်္ကန်းနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းကာ လှူဒါန်းမှုအစုစုတို့အတွက် ရေစက် သွန်းချအမျှပေးဝေခဲ့ကြသည်။

ဆက်လက်၍ ကွမ်းခြံမြို့နယ်အတွင်းရှိ ဘုန်းတော်ကြီးကျောင်းများသို့ ပဒေသာပင်နှင့် စာရေးတံမဲဖောက်ပြီး ဗုဒ္ဓသာသနံစိရံတိဌတု (၃)ကြိမ်ရွတ်ဆိုကာ အခမ်းအနားကို အောင်မြင်စွာ ရုတ်သိမ်းခဲ့ကြသည်။ 

ထို့နောက် ဆရာတော်၊ သံဃာတော်ကြီးများအား မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာအရာရှိများက သံဃာတော်များအား နေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ကြပြီး မြို့နယ်ဌာနဆိုင်ရာများနှင့် အလှူရှင်များ ပါဝင်လှူဒါန်းထားသော ပဒေသာပင် ပစ္စည်းတန်းဖိုး (၆၀၉၁၁၀ဝ)ကျပ်၊ ငွေသားလှူဒါန်းငွေကျပ်တန်ဖိုး (၁၂၅၈၁၀၀၀)နှင့်၊ ကထိန်သင်္ကန်း၊ အရံသင်္ကန်း၊ဝတ္တူငွေတန်းဖိုး (၈၂၆၅၀၀)စုစုပေါင်း လှူဒါန်းငွေကျပ် (၂၆၉၃၇၁၀၀)တို့အား ပဒေသာပင်မဲပေါက်သည့် ဘုန်းတော်ကြီးကျောင်းများသို့ သွားရောက်ပို့ဆောင် လှူဒါန်းခဲ့ကြကြောင်း သိရသည်။


ဆွေနွယ်

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)