တောင်ငူမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဝန်ထမ်းမိသားစုများ၊ ရပ်/ကျေး အုပ်ချုပ်ရေးမှူးများနှင့် (၇) ရက်သားသမီးများ၏ စုပေါင်းမဟာဘုံကထိန် အလှူတော် အခမ်းအနားကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တောင်ငူမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဝန်ထမ်းမိသားစုများ၊ ရပ်/ကျေး အုပ်ချုပ်ရေးမှူးများနှင့် (၇) ရက်သားသမီးများ၏ စုပေါင်းမဟာဘုံကထိန် အလှူတော် အခမ်းအနားကျင်းပ

 

Uploading: 2230272 of 2589012 bytes uploaded.


တောင်ငူ ၊ နိုဝင်ဘာ ၁


ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ တောင်ငူမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဝန်ထမ်းမိသားစုများ၊ ရပ်/ကျေး အုပ်ချုပ်ရေးမှူးများနှင့် (၇) ရက်သားသမီးများ၏ စုပေါင်းမဟာဘုံကထိန် အလှူတော်အခမ်းအနားကို ယနေ့နံနက်ပိုင်းက မိုးကောင်းကျေးရွာအုပ်စု၊ အင်းဝိုင်းကျေးရွာရှိ ရွှေရတနာကျောင်းတွင် ကျင်းပသည်။


ဦးစွာ တောင်ငူမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဉာဏ်လင်းအောင်နှင့် ဇနီး၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ ရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေးမှူးများနှင့် ခုနစ်ရက်သားသမီး အလှူရှင်များက ဘုရားရှိခိုးကန်တော့ပြီး မြို့နယ်​အုပ်ချုပ်ရေးမှူး ဦးဉာဏ်လင်းအောင်နှင့်ဇနီး၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ ခုနစ်ရက် သား သမီး အလှူရှင်များက သံဃာတော် အရှင်မြတ်များအား ကထိန်သင်္ကန်းနှင့် လှူဖွယ်ဝတ္တုများ ဆက်ကပ်လှူဒါန်းသည်။


ထို့နောက် ရွှေရတနာကျောင်းတိုက်ဆရာတော် (မိုဘိုင်းဓမ္မစကူးလ်ဆရာတော်) ဘဒ္ဒန္တ ကုမုဒ ထံမှ ကုသိုလ်ဘာကြောင့်ပြုရတယ် တရားတော်ကို နာယူကြည်ညိုကြပြီး ရေစက်သွန်းချ အမျှပေးဝေကာ သံဃာတော်အရှင်မြတ်များအား နေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။


ဇော်ကိုကို (တောင်ငူ)

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)