ကြံခင်းမြို့ရှိ အခြေခံပညာအလယ်တန်းကျောင်း(ခွဲ) ကျွန်းပုလုတွင် စာဖတ်ရှိန်မြှင့်တင်ရေး အသိအညာပေးဟောပြောပွဲနှင့် စာအုပ်ပြပွဲ၊ နံရပ်စာစောင်ပြပွဲကျင်းပပြုလုပ် - Myanmar National Post

Myanmar National Post

News Agency

Breaking

ကြံခင်းမြို့ရှိ အခြေခံပညာအလယ်တန်းကျောင်း(ခွဲ) ကျွန်းပုလုတွင် စာဖတ်ရှိန်မြှင့်တင်ရေး အသိအညာပေးဟောပြောပွဲနှင့် စာအုပ်ပြပွဲ၊ နံရပ်စာစောင်ပြပွဲကျင်းပပြုလုပ်





ကြံခင်း၊ နိုဝင်ဘာ ၅

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ်၊ သောကြာဒူးအုပ်စု၊ ကျွန်းပုလု ကျေးရွာရှိ အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)တွင် ကျောင်းသား၊ ကျောင်းသူများ အသိဉာဏ် ပညာဖွံဖြိုးတိုးတတ်စေရန်၊ ဗလငါးတန်ပြည်စုံလာစေရန်နှင့် စာဖတ်ရှိန်မြင့်မားရေး အသိပညာပေး လုပ်ငန်းများကို ယနေ့နံနက်ပိုင်းက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ Book Club အဖွဲ့ နှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ ကျင်းပပြုလုပ်ပေးခဲ့သည်။

အဆိုပါ စာဖတ်ရှိန်မြင့်တင်ရေး အသိပညာပေးဟောပြောပွဲတွင်  မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနမှ၊ မြို့နယ်ဦးစီးမှူး ဒေါ်ခင်မိုးမြင့်က ကျောင်းသား၊ ကျောင်းသူများ ကျောင်းစာ အပြင် ပြင်ပဗဟုသုတ များစွာရရှိစေရန်၊ စာပေဖတ်ရှုသည့် အလေ့အထကောင်းများရရှိစေရန်နှင့် ကျောင်းစာကြည့်တိုက်များတွင် စာပေဖတ်ရှုတတ်သော အလေ့ကျင့်များရရှိစေရန် ရည်ရွယ်ကာ စာဖတ်ရှိန်မြင့်မားရေး အသိပညာပေးလုပ်ငန်းများကို စဉ်ဆက်မပြတ်ကွင်းဆင်းဆောင်ရွက်ပေးလျက် ရှိကြောင်းပြောကြားပြီး “လူငယ်နှင့် စာကြည့်တိုက်” ခေါင်းစဉ်ဖြင့်ဟောပြောသည်။ ဆက်လက်၍ Book Club အဖွဲ့ဝင် ဦးသိန်းစိုးက “ လူငယ်နှင့် စာပေ " ခေါင်းစဉ်ဖြင့် ဟောပြောခဲ့ပြီး၊ အ.လ.က(ခွဲ) ကျောင်းအုပ်ဆရာမကြီး ဒေါ်သင်းသင်းကြူက ကျေးဇူးတင်စကားပြန်လည် ပြောကြားခဲ့ကြသည်။ 

ထို့နောက် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသည့် စာအုပ်ပြပွဲနှင့် မူးယစ်အန္တရာယ်လူ့ရန်စွယ်၊ မူးယစ်ဆေးဝါး၏ဆိုးကျိုးများပါဝင်သော မူးယစ်ဆေးဝါး အန္တရာယ် အကြောင်းသိကောင်းစရာအသိပညာပေး နံရံကပ်စာစောင်များကို ကျောင်းသား၊ ကျောင်းသူ များက စိတ်ပါဝင်စားစွာဖြင့် လေ့လာကြည့်ရှုခဲ့ကြကြောင်း သိရ သည်။


ဖြိုးဝေလင်း 

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)