မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင် ဗိဿနိုးသစ္စာပေါင်းကူးတံတား(၂)ဖွင့်ပွဲအခမ်းအနားတက်ရောက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင် ဗိဿနိုးသစ္စာပေါင်းကူးတံတား(၂)ဖွင့်ပွဲအခမ်းအနားတက်ရောက်




မြို့သစ် ၊ နိုဝင်ဘာ ၆


မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်နှင့် အဖွဲ့ဝင်များသည် ယမန်နေ့နံနက်ပိုင်းက မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင် မြို့သစ်မြို့နယ် ဗိဿနိုးနယ်မြေ၊ ကနီကျေးရွာတွင် ကျင်းပသည့် သဲဖြူနှင့်မဟာမြိုင်တောရသာသနာပြုဆရာတော်ကြီး၏ ဝိဇာတမွေးနေ့မင်္ဂလာ   ဗိဿနိုးသစ္စာပေါင်းကူးတံတား(၂)ဖွင့်ပွဲအခမ်းအနားအား တက်ရောက်ချီးမြှင့်သည်။

အခမ်းအနားတွင် သဲဖြူနှင့်မဟာမြိုင်တောရသာသနာပြုဆရာတော်ကြီး ဒေါက်တာ ဘဒ္ဒန္တပညာဇောတ၊ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အလှူရှင်များက  ဗိဿနိုးသစ္စာပေါင်းကူးတံတား(၂)အား ဖဲကြိုးဖြတ်ဖွင့်လှစ်သည်။ ထို့နောက် ဗိဿနိုးသစ္စာပေါင်းကူးတံတား(၂) ကမ္ပည်းမော်ကွန်းကျောက်စာတိုင်အား စက်ခလုတ်နှိပ်ဖွင့်လှစ်ပေးကာ  အမွှေးနံ့သာရည်များပက်ဖျန်းသည်။

ဆက်လက်၍ စုပေါင်းဘုံကထိန်မင်္ဂလာမဏ္ဍပ်၌ စုပေါင်းမဟာဘုံကထိန်သင်္ကန်းဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားကျင်းပရာ တောင်တွင်းကြီးမြို့နယ်   ငှက်ပစ်တောင်ကျောင်းတိုက်ဆရာတော်ထံမှ ငါးပါးသီလခံယူခြင်းနှင့်ပရိတ်တရားတော်နာယူခြင်း၊ သဲဖြူနှင့်မဟာမြိုင် တောရသာသနာပြုဆရာတော်ကြီးမှ တံတားတည်ဆောက်လှူဒါန်းရခြင်း၏ အကျိုးကျေးဇူးများအားမိန့်ကြားကာ ဒေသခံပြည်သူများကိုယ်စား  ပြည်သူတစ်ဦးက ကျေးဇူးတင်စကားပြောကြားသည်။

ထို့နောက် မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့ဝင်များ၊ အလှူရှင်များက သဲဖြူနှင့်မဟာမြိုင်တောရသာသနာပြုဆရာတော် ဒေါက်တာဘဒ္ဒန္တပညာဇောတအရှင်သူမြတ်နှင့်ပင့်သံဃာအရှင်သူမြတ်တို့အား ကထိန်လျာမြတ်သင်္ကန်းနှင့်လှူဖွယ်ဝတ္ထုအစုစုတို့အား ဆက်ကပ်လှူဒါန်း၍ ဆရာတော်အရှင်သူမြတ်က လှူဒါန်းမှုအစုစုတို့အားရေစက်သွန်းချအမျှဝေကာ ခဲ့ကြောင်းသိရသည်။


ဝင်းအိဇွန်

https://t.me/MyanmarNationalPost


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)