မိုင်းဆတ်မြို့နယ်အတွင်းရှိ တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ကောလိပ် ကျောင်းသား၊ ကျောင်းသူများ ကြိုတင်ဆန္ဒမဲပေးနိုင်ရေး ဆောင်ရွက်နေမှုအား ကြည့်ရှုအားပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မိုင်းဆတ်မြို့နယ်အတွင်းရှိ တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ကောလိပ် ကျောင်းသား၊ ကျောင်းသူများ ကြိုတင်ဆန္ဒမဲပေးနိုင်ရေး ဆောင်ရွက်နေမှုအား ကြည့်ရှုအားပေး

 


မိုင်းဆတ် ၊  နိုဝင်ဘာ ၁၈

၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၈ ရက်နေ့တွင် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ ကျင်းပမည်ဖြစ်ရာ မဲဆန္ဒနယ်ပြင်ပတွင်ရှိသော တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ကောလိပ်များတွင် တက်ရောက်ကြရမည့်  အဆိုပါနေ့ရက်တွင် အသက်(၁၈)နှစ်ပြည့်ပြီး ဉပဒေအရ ဆန္ဒမဲပေးပိုင်ခွင့်ရှိသည့် ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်မြို့နယ်အတွင်းရှိ ကျောင်းသား၊ ကျောင်းသူများ မဲပေးခွင့်မဆုံးရှုံးစေရေးအတွက် ကြိုတင်ဆန္ဒမဲပေးနိုင်ရေးဆောင်ရွက်နေမှုအား ယမန်နေ့နံနက် ၉ နာရီက ခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဉက္ကဋ္ဌနှင့် တာဝန်ရှိသူများ သွားရောက်ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။ထိုသို့သွားရောက်ကြည့်ရှုအားပေးရာတွင် ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဉက္ကဋ္ဌ ဦးညီညီထွေး၊ ခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဉက္ကဋ္ဌ ဦးစိုင်းလျှန်းဝမ်းနှင့် အဖွဲ့ခွဲဝင်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဉက္ကဋ္ဌ ဦးအားလွန်၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဉက္ကဋ္ဌ ဦးထွန်းလွင်ဦးနှင့် အဖွဲ့ခွဲဝင်များ၊ နိုင်ငံရေးပါတီဝင်များနှင့် တာဝန်ရှိသူတို့က သက်ဆိုင်ရာရပ်ကွက်နှင့် ကျေးရွာအုပ်စုကော်မရှင်အဖွဲ့ခွဲရုံးများတွင် တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ကောလိပ် ကျောင်းသား၊ ကျောင်းသူများ မဲပုံးများဖြင့် ကြိုတင်ဆန္ဒမဲလက်မှတ်ပေးနိုင်ရေးနှင့် ဆန္ဒမဲလက်မှတ် ကောက်ယူနိုင်ရေး ဆောင်ရွက်နေမှုအား သွားရောက်ကြည့်ရှုအားပေးပြီး လိုအပ်သည်များ ပေါင်းစပ် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

မိုင်းဆတ်မြို့နယ်တွင် ရပ်ကွက် ၉ ရပ်ကွက်နှင့် ကျေးရွာအုပ်စု ၂၆ အုပ်စုရှိပြီး သက်ဆိုင်ရာ ရပ်ကွက်နှင့် ကျေးရွာအုပ်စုကော်မရှင်အဖွဲ့ခွဲရုံးများတွင် နိုဝင်ဘာလ ၁၇ ရက်နေ့မှ ၂၁ ရက်နေ့အထိ နေ့စဉ် နံနက် ၉ နာရီမှ ညနေ ၄ နာရီခွဲအတွင်း မိမိတို့ကိုင်ဆောင်သည့် နိုင်ငံသားစိစစ်ရေးကတ်နှင့် သက်ဆိုင်ရာတက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ကောလိပ်များမှ ထုတ်ပေးသည့် ကျောင်းသားစိစစ်ရေးကတ်(သို့)ကျောင်းဝင်ခွင့်အထောက်အထားများပြသ၍ ကြိုတင်ဆန္ဒမဲပေးနိုင်ကြောင်း သိရသည်။

ယဉ်ယဉ်ဝင်း

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)