ပေါင်၊ နိုဝင်ဘာ ၂၅
မွန်ပြည်နယ်၊ ပေါင်မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှစီစဉ်ကျင်းပသည့် မြို့နယ်အဆင့် မဲရုံမှူး၊ဒု-မဲရုံမှူးများအား ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းလမ်းညွှန် ဆင့်ပွားသင်တန်း ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက်ပိုင်းက အထက(ပေါင်) ရွှေရတုခန်းမ၌ ကျင်းပပြုလုပ်သည်။
ဦးစွာ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး ဒေါ်ဂျူးနီတာဇော်က ဆင့်ပွားသင်တန်းဖွင့်လှစ်ပေးရခြင်းနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားခဲ့သည်။သင်တန်းတွင် ပေါင်မြို့နယ်အတွင်းရှိ မဲရုံမှူး၊ဒု-မဲရုံမှူး စုစုပေါင်း (၁၈၀) ဦးတို့တက်ရောက်ကြပြီး နည်းပြ(၄)ဦးတို့က မဲရုံမှူး၊ဒု- မဲရုံမှူး နှင့်ကော်မရှင်အဖွဲ့ခွဲလုပ်ငန်းလမ်းညွှန်တို့ကို တစ်ရက်ကြာ ရှင်းလင်းပို့ချသွားမည်ဖြစ်သည်။
အဆိုပါသင်တန်းသို့ သထုံခရိုင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့် အဖွဲ့ဝင်များ၊မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များက မဲရုံမှူး၊ဒု-မဲရုံမှူး များအား ရှင်းလင်းပို့ချနေမှုများကို အားပေးခဲ့ကြောင်း သိရသည်။
မွန်မလေး
#News #Myanmar #2025Election


No comments:
Post a Comment