မြန်မာနေရှင်နယ်ပို့စ် အယ်ဒီတာချုပ် နောင်တော်လေးနှင့် လှည်းကူးမှ တောင်သူ ၂ဦး ကို ဥတ္တသီရိတရားရုံးတွင် ရုံးတင်ပြီ - Myanmar National Post

Myanmar National Post

News Agency

Breaking

မြန်မာနေရှင်နယ်ပို့စ် အယ်ဒီတာချုပ် နောင်တော်လေးနှင့် လှည်းကူးမှ တောင်သူ ၂ဦး ကို ဥတ္တသီရိတရားရုံးတွင် ရုံးတင်ပြီ


နေပြည်တော်၊ နိုဝင်ဘာ ၁၉

မြန်မာနေရှင်နယ်ပို့စ် အယ်ဒီတာချုပ် နောင်တော်လေးနှင့် လှည်းကူးမြို့နယ်မှ တောင်သူ ဦးသိန်းဦး၊ ဦးမျိုးမင်းထွန်း တို့ကို ဥတ္တရသီရိမြို့နယ် ရဲစခန်းတွင် ဦးစိုးမောင် က ဆက်သွယ်ရေးဥပဒေပုဒ်မ (၆၆-ဃ) ဖြင့် အမှုဖွင့် တရားစွဲဆိုထားရာ ယနေ့ (၁၉-၁၁-၂၀၂၅) ရက်နေ့တွင် မြို့နယ်တရားရုံးသို့ တင်ခဲ့သည်။

ဦးစိုးမောင်နှင့် တောင်သူများ မြေယာအငြင်းပွားမှုဖြစ်စဉ်တွင် မြန်မာနေရှင်နယ်ပို့စ် အယ်ဒီတာချုပ် နောင်တော်လေး မှ တောင်သူများနှင့် အင်တာဗျူးမေးမြန်း၍ ဖော်ပြခဲ့ခြင်းအပေါ် ဦးစိုးမောင် က တရားစွဲဆိုခဲ့ခြင်းဖြစ်ပြီး ရဲတပ်ဖွဲ့က ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ၏ ခွင့်ပြုချက် ရရှိပြီးနောက် တရားရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်ရန် ရုံးတင်ခဲ့ခြင်းဖြစ်သည်။

ယနေ့ ရုံးတင်ရာတွင် တရားသူကြီးက အာမခံလျှောက်ထားမှုကို လက်ခံပေးပြီး (၃-၁၂-၂၀၂၅) ရက်နေ့ကို ရုံးချိန်း ထပ်မံချိန်းဆိုလိုက်သည်။

     

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)