နေပြည်တော်၊ နိုဝင်ဘာ ၅
လေဘာပါတီကိုယ်စားပြု လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးကျော်သူရ (ခ) မာမတ်အာနီဆူရာမန် ဆိုသူသည် CDM လှုပ်ရှားမှုကို ထောက်ခံအားပေးသူတစ်ဦးဖြစ်ကြောင်း ပြည်သူများ၏ လေ့လာတွေ့ရှိချက်အပေါ် မြန်မာနေရှင်နယ်ပို့စ် က ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သို့ ဆက်သွယ်မေးမြန်းရာ ကော်မရှင်အနေဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေ၊ သက်ဆိုင်ရာ လွှတ်တော်ရွေးကောက်ပွဲဥပဒေ၊ နည်းဥပဒေများနှင့်အညီဖြစ်စေရေး အသေးစိတ် အချက်အလက်များ သိရှိရန်လိုအပ်ပါသဖြင့် သက်ဆိုင်ရာဝန်ကြီးဌာနများက ပြန်လည် စိစစ်လျက်ရှိကြောင်း ပြန်လည်ဖြေကြားထားသည်။
အဆိုပါ ကိုယ်စားလှယ်လောင်းနှင့် ပတ်သက်၍ မြန်မာနေရှင်နယ်ပို့စ် က လက်တလော ပြည်သူများကြားမှာ ဝေဖန်မှုတွေ မြင့်တက်နေတဲ့ ရန်ကုန်တိုင်းဒေသကြီး၊ အမျိုးသားလွှတ်တော် မဲဆန္ဒနယ် (အမှတ် -၁)၊ နိုင်သူအကုန်ယူစနစ်မှ ဝင်ရောက်ယှဉ်ပြိုင်မယ့် လေဘာပါတီ ကိုယ်စားပြု ဦးကျော်သူရ (ခ) မာမတ်အာနီဆူရာမန် ဆိုတဲ့ ကိုယ်စားလှယ်လောင်းဟာ သူရဲ့ လူမှုကွန်ရက်စာမျက်နှာမှာ CDM လှုပ်ရှားမှုကို ထောက်ခံအားပေးသူအဖြစ် ဖော်ပြထားပါတယ်။ CDM လှုပ်ရှားမှုဆိုတာ နိုင်ငံတော်က အကြမ်းဖက်အဖွဲ့များအဖြစ် ကြေညာထားတဲ့ NUG, CRPH က လှုံ့ဆော်ထားတဲ့ တိုင်းဖျက် ပြည်ဖျက် လှုပ်ရှားမှုဖြစ်ပါတယ်။ အကြမ်းဖက်အဖွဲ့ရဲ့ လှုပ်ရှားမှုကို ထောက်ခံအားပေးခြင်းဟာ ကိုယ်စားလှယ်လောင်းအရည်အချင်းနဲ့ မကိုက်မညီဘူးလို့ မှတ်ယူပါတယ်။ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်အနေနဲ့ လေဘာပါတီ ကိုယ်စားပြု ဦးကျော်သူရ (ခ) မာမတ်အာနီဆူရာမန် ဆိုတဲ့ ပုဂ္ဂိုလ်ကို ပြန်လည်စိစစ်ဆောင်ရွက်ပြီး ကိုယ်စားလှယ်လောင်းစာရင်းမှ ပယ်ဖျက်ပေးရန် အစီအစဉ် ရှိ/ မရှိ မေးမြန်းခဲ့ခြင်းဖြစ်သည်။
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် က ပြန်လည်ဖြေကြားရာတွင် "ရန်ကုန်တိုင်းဒေသကြီး၊ အမျိုးသားလွှတ်တော်(FPTP)မဲဆန္ဒနယ် အမှတ်(၁)တွင် ဝင်ရောက်ယှဉ်ပြိုင်မည့် လေဘာပါတီကိုယ်စားပြု လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးကျော်သူရ (ခ) မာမတ်အာနီဆူရာမန်နှင့်ပတ်သက်၍ သတင်းဖော်ပြချက်များအရ ကော်မရှင်က သိရှိရပါသည်။ ကော်မရှင်အနေဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေ၊ သက်ဆိုင်ရာ လွှတ်တော်ရွေးကောက်ပွဲဥပဒေ၊ နည်းဥပဒေများနှင့်အညီဖြစ်စေရေး အသေးစိတ် အချက်အလက်များ သိရှိရန်လိုအပ်ပါသဖြင့် သက်ဆိုင်ရာဝန်ကြီးဌာနများက ပြန်လည် စိစစ်လျက်ရှိပြီး စိစစ်တွေ့ရှိချက်များအပေါ် ကော်မရှင်က သုံးသပ်ဆောင်ရွက်မှာ ဖြစ်ပါကြောင်း" ဖြေကြားထားသည်။
https://t.me/MyanmarNationalPost


No comments:
Post a Comment