ပုသိမ်မြို့တွင် ပြည်ခိုင်ဖြိုးပါတီ က လူထုတွေ့ဆုံပွဲ ကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

ပုသိမ်မြို့တွင် ပြည်ခိုင်ဖြိုးပါတီ က လူထုတွေ့ဆုံပွဲ ကျင်းပ









ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၊ ကန်သုံးဆင့်လမ်းရှိ ပြည်ခိုင်ဖြိုးပါတီရိပ်သာမှာ နိုဝင်ဘာ ၂၄ရက်၊ ယနေ့မနက်ပိုင်းက ပြည်ခိုင်ဖြိုးပါတီ လူထုတွေ့ဆုံပွဲ ကျင်းပခဲ့ကြောင်း သိရသည်။

ဧရာဝတီတိုင်းဒေသကြီး၊ ပြည်ခိုင်ဖြိုးပါတီ ကိုယ်စားပြုဝင်ရောက်ယှဉ်ပြိုင်မည့် လွှတ်တော်ကိုယ်စားလှယ်လောင်းများဖြစ်ကြသည့် မဲဆန္ဒနယ်အမှတ်(၁) အချိုးကျကိုယ်စားပြု(PR)စနစ်  အမျိုးသားလွှတ်တော်ကိုယ်စားလှယ်လောင်းများဖြစ်သည့် ဦးမြင့်ကြိုင်၊ ဦးအောင်တင်မြင့်နှင့် ဦးပြုံးချို၊ မဲဆန္ဒနယ်အမှတ်(၂)မဲအများဆုံးရသူ အနိုင်ယူ( FPTP)စနစ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်လောင်း ဒေါ်နွယ်နွယ်ဦးနှင့်  ( FPTP)စနစ်ဖြင့် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်လောင်း ဦးအေးကျော်တို့က ရွေးကောက်ပွဲနှင့်ပတ်သက်ပြီး ရှင်းလင်းပြောကြားခဲ့ကြသည်။

တွေ့ဆုံပွဲသို့ ပြည်ခိုင်ဖြိုးပါတီဝင်များ၊ ဒေသခံပြည်သူလုထု အင်အား (၁၂၀၀) ခန့် တက်ရောက်ခဲ့ပြီး လာမဲ့ ရွေးကောက်ပွဲကိုတော့ ပြည်ခိုင်ဖြိုးပါတီက ဧရာဝတီတိုင်းဒေသကြီးမှာ လွှတ်တော်ကိုယ်စားလှယ်လောင်း (၉၂) ယောက် ဝင်ရောက်ယှဉ်ပြိုင်မှာဖြစ်ကြောင်း သိရသည်။


#News #2025Election

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)