ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်း ရွှေတိဂုံစေတီတော်အား ပန်း၊ ရေချမ်း၊ ဆီမီးများ ဆက်ကပ်လှူဒါန်း၊ ရွှေတိဂုံစေတီတော် (၁၀၇)ကြိမ်မြောက် စေတိယင်္ဂဏပရိယတ္တိဓမ္မာနုဂ္ဂဟ စာလျှောက်မေးပွဲ ဆရာတော်၊ သံဃာတော်များအား နေ့ဆွမ်း ဆက်ကပ်လှူဒါန်း - Myanmar National Post

Myanmar National Post

News Agency

Breaking

ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်း ရွှေတိဂုံစေတီတော်အား ပန်း၊ ရေချမ်း၊ ဆီမီးများ ဆက်ကပ်လှူဒါန်း၊ ရွှေတိဂုံစေတီတော် (၁၀၇)ကြိမ်မြောက် စေတိယင်္ဂဏပရိယတ္တိဓမ္မာနုဂ္ဂဟ စာလျှောက်မေးပွဲ ဆရာတော်၊ သံဃာတော်များအား နေ့ဆွမ်း ဆက်ကပ်လှူဒါန်း







ရန်ကုန်၊ နိုဝင်ဘာ ၁၆

ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များသည် နိုဝင်ဘာ (၁၅)ရက် နံနက်ပိုင်းက ရွှေတိဂုံစေတီတော်အား ပန်း၊ ရေချမ်း၊ ဆီမီးများ ဆက်ကပ်လှူဒါန်းပြီး ရွှေတိဂုံ စေတီတော် (၁၀၇)ကြိမ်မြောက် စေတိယင်္ဂဏပရိယတ္တိဓမ္မာနုဂ္ဂဟ စာလျှောက်မေးပွဲ ဆရာတော်၊ သံဃာတော်များအား နေ့ဆွမ်း ဆက်ကပ်လှူဒါန်းသည်။

ဦးစွာ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များသည် ရွှေတိဂုံ စေတီတော်တောင်ဘက် ဧည့်ခံတန်ဆောင်းတွင် ရွှေတိဂုံစေတီတော်မြတ်ကြီးအား ပန်း၊ ရေချမ်း၊ ဆီမီး များ ဆက်ကပ်လှူဒါန်းကြသည်။

ထို့နောက် စေတိယင်္ဂဏပရိယတ္တိ ဓမ္မာနုဂ္ဂဟ စာလျှောက်မေးပွဲ ဩဝါဒါစရိယဆရာတော်ကြီးများ၊ စာထောက်စာမဆရာတော်များနှင့် စာဖြေသံဃာတော်များအား ဖူးမျော်ကြည်ညို၍ ထီးတော်ရုံ တန်ဆောင်းတွင် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များနှင့် ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့တို့က နေ့ဆွမ်း ဆက်ကပ် လှူဒါန်းကြသည်။

ဆက်လက်၍ (၁၀၇)ကြိမ်မြောက် စေတိယင်္ဂဏစာလျှောက်မေးပွဲဖွင့်ပွဲကို  ဩဝါဒါစရိယ ဆရာတော် ကြီးများနှင့် ဧည့်ပရိသတ်များက အခမ်းအနားအစီအစဉ်အတိုင်း ဆက်လက် ကျင်းပသည်။

ယင်းနောက် စာဖြေသံဃာတော်(၂၀၅)ပါးအား အမှတ်စဉ်အလိုက် စာဖြေပလ္လင်ပေါ်သို့ ပင့်ဆောင်၍ အာဂုံပြန်ဆိုခြင်းအစီအစဉ်အား ဆက်လက်ဆောင်ရွက်ခဲ့ကြကြောင်းနှင့် (၁၀၇)ကြိမ်မြောက် စေတိ ယင်္ဂဏ စာလျှောက်မေးပွဲကို နိုဝင်ဘာလ(၁၅)ရက်နေ့မှ နိုဝင်ဘာလ(၂၁)ရက်နေ့အထိ ကျင်းပသွားမည် ဖြစ်သည်။


https://t.me/MyanmarNationalPost


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)