ဒဂုံမြို့သစ် (တောင်ပိုင်း) ရွာသာကြီးစက်မှုဇုန်တွင် စက်ရုံ၊ အလုပ်ရုံ ဝန်ထမ်း (၆၅၀) အား မီးငြှိမ်းသတ်နည်း အသိပညာပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဒဂုံမြို့သစ် (တောင်ပိုင်း) ရွာသာကြီးစက်မှုဇုန်တွင် စက်ရုံ၊ အလုပ်ရုံ ဝန်ထမ်း (၆၅၀) အား မီးငြှိမ်းသတ်နည်း အသိပညာပေး




ဒဂုံတောင်  ၊ နိုဝင်ဘာ ၂


စက်ရုံ၊ အလုပ်ရုံများ မီးဘေးအန္တရာယ်ကင်းဝေးစေ‌ရေး၊ မီးဘေးလုံခြုံရေး၊ မီးဘေးတားဆီးကာကွယ်နိုင်ရေး အသိပညာများ ကျယ်ပြန့်စေရေးတို့အတွက် ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ် မီးသတ်ဦးစီးဌာနမှ ယမန်နေ့နံနက် ၁၀ နာရီခွဲတွင် ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်၊ ရွာသာကြီးစက်မှုဇုန် ဂရုဏာလမ်းရှိ King Leat ဖိနပ်စက်ရုံ၌  မီးဘေးလုံခြုံရေး စစ်ဆေးဆောင်ရွက်ခြင်းနှင့် စက်ရုံ၊ အလုပ်ရုံဝန်ထမ်း (၆၅၀) ဦးအား အသိပညာပေး ဟောပြောမှုနှင့်အတူ မီးငြှိမ်းသတ်ရေး လက်တွေ့သရုပ်ပြခြင်းတို့ ဆောင်ရွက်ကြောင်း သိရသည်။

ထိုသို့‌ ‌ဆောင်ရွက်ရာတွင် မြို့နယ်မီးသတ်ဦးစီးဌာန၊ မြို့နယ်မီးသတ်ဦးစီးမှူး ဦးစီးအရာရှိ ဦးစိုးနိုင် ဦးဆောင်သော သန္ဓေတပ်ဖွဲ့ဝင် (၅) ဦး ပါဝင်‌သောအဖွဲ့က စက်ရုံ၊ အလုပ်ရုံများ မီးဘေးလုံခြုံ‌ရေး စစ်ဆေးဆောင်ရွက်ခြင်းနှင့် မီးလောင်မှုဖြစ်ပွားရသည့် အကြောင်းအရင်းများ၊ မီးဘေးအန္တရာယ် တားဆီးကာကွယ်ရေးနည်းလမ်းများကို အကျယ်တဝင့် ဟောပြောအသိပညာပေးပြီး မြို့နယ်မီးသတ်ဦးစီးမှူးနှင့် တပ်ဖွဲ့ဝင်များက ဂက် (စ်) မီးဖို၏ မီးတောက်မီးလျှံများ မီးငြှိမ်းသတ်နည်း၊ စက်သုံးဆီများ မီးလောင်ကျွမ်းမှုအပေါ် ငြှိမ်းသတ်မှုနည်းလမ်းများ၊ မီးသတ်ဆေးဘူး အသုံးပြုပုံများကို တက်ရောက်လာ‌သော စက်ရုံ၊ အလုပ်ရုံ ဝန်ထမ်းများနှင့်အတူ လက်တွေ့သရုပ်ပြ ဇာတ်တိုက်‌လေ့ကျင့်ခြင်းများ ဆောင်ရွက်ကြကြောင်း သိရသည်။


နေမျိုးအောင်(ဒဂုံတောင်)

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)