နတ်မောက် ၊ နိုဝင်ဘာ ၂၁
မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ်တွင် ၂၀၂၅ခုနှစ် ပါတီစုံဒီမိုကရေစီရွေးကောက်ပွဲအတွက် ဒုတိယအကြိမ်မဲဆန္ဒရှင် စာရင်းများကြေငြာထားရှိမှုနှင့်ပတ်သက်၍ မဲဆန္ဒရှင်ပြည်သူများစာရင်းအား ယနေ့နံနက်(၉)နာရီ အချိန်က ရပ်ကွက်/ကျေးရွာများအလိုက်ကပ်ထား ကြေငြာလျက်ရှိကြောင်းသိရသည်။
အဆိုပါ မဲဆန္ဒရှင်ပြည်သူများအနေဖြင့် မိမိတို့၏ နိုင်ငံသားအခွင့်အရေးမဆုံးရှုံးစေရန် ဆန္ဒမဲပေးနိုင်ရန် မဲစာရင်းမိမိအမည်မပါဝင်ပါက ပုံစံ(၃)ဖြင့်အမည်ထည့်သွင်းတောင်းဆိုရန်၊ မပါဝင်သင့်သည့် အမည်များပါဝင်နေပါက ပုံစံ(၄)ဖြင့်ကန့်ကွက်ရန်၊ မဲစာရင်းပါအချက်အလက်များ မှားယွင်းနေပါက ပုံစံ(၄-ဂ)ဖြင့် ပြင်ဆင်လွှာ တောင်းခံတင်သွင်းရန်၊ လိုအပ်သောပုံစံများကိုလည်း သက်ဆိုင်ရာရပ်ကွက်/ကျေရွာကော်မရှင်အဖွဲ့ခွဲရုံးများတွင် အခမဲ့ထုတ်ယူနိုင်ပြီးမဲဆန္ဒရှင်စာရင်းများအား ဒီဇင်ဘာ(၄)ရက်နေ့အထိ ကပ်ထားကြေငြာထားမည်ဖြစ် ကြောင်း မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ တာဝန်ရှိသူတစ်ဦးထံက သိရသည်။
လှဝင်း
https://t.me/MyanmarNationalPost
No comments:
Post a Comment