မြစ်သားမြို့နယ်တွင် တက္ကသိုလ်‌/ဒီဂရီကောလိပ်တက်ရောက်ကြမည့် ကျောင်းသား/ကျောင်းသူများ ကြိုတင်ဆန္ဒမဲပေး - Myanmar National Post

Myanmar National Post

News Agency

Breaking

မြစ်သားမြို့နယ်တွင် တက္ကသိုလ်‌/ဒီဂရီကောလိပ်တက်ရောက်ကြမည့် ကျောင်းသား/ကျောင်းသူများ ကြိုတင်ဆန္ဒမဲပေး



မြစ်သား၊ နိုဝင်ဘာ ၂၀

မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်ခရိုင် မြစ်သားမြို့နယ်တွင် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအတွက် တက္ကသိုလ်/‌ဒီဂရီကောလိပ်တက်ရောက်ကြမည့် ကျောင်းသား/ကျောင်းသူများကြိုတင်ဆန္ဒမဲပေးခြင်းကို နိုဝင်ဘာ ၁၉ ရက်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲနှင့်ရပ်ကျေးကော်မရှင်အဖွဲ့တို့မှ ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကျင်းပမည့်အချိန် မြစ်သားမြို့နယ်အတွင်းရှိ တက္ကသိုလ်/ဒီဂရီကောလိပ်တက်ရောက်ကြမည့် ကျောင်းသား/ကျောင်းသူများအနေဖြင့် သက်ဆိုင်ရာမြို့နယ်မိမိမဲစာရင်းပါရှိရာ ရပ်ကွက်/ကျေးရွာအုပ်စုကော်မရှင်အဖွဲ့ခွဲရုံးတွင်  နိုင်ငံသားစိစစ်ရေးကတ်နှင့် ကျောင်းသားကတ်သို့မဟုတ် ကျောင်းဝင်ခွင့်အထောက်အထားတို့ကိုပြသ၍ ကြိုတင်ဆန္ဒမဲပေးလို့ရကြောင်းနှင့် ယနေ့တွင်  ကျောင်းသား (၁၈)ဦး၊ ကျောင်းသူ (၉)ဦး စုစုပေါင်း ကျောင်းသား၊ကျောင်းသူ (၂၇)ဦး ကြိုတင်ဆန္ဒမဲ လာရောက်ပေးခဲ့ကြောင်း သိရသည်။

တက္ကသိုလ်/ ဒီဂရီကောလိပ်တက်‌ရောက်မည့်ကျောင်းသား/ကျောင်းသူများ ကြိုတင်ဆန္ဒမဲပေးခြင်းကို နိုဝင်ဘာ ၁၇ ရက်မှ ၂၁ ရက်အထိ ဆောင်ရွက်ပေးသွားမည်ဖြစ်သည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)