ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း ရန်အောင်ဇေယျသုခမင်္ဂလာစေတီတော်နှင့် မဟာဗောဓိပင် ဂြိုဟ်ရှစ်ခွင် ဗုဒ္ဓါဘိသေကဘုရားအနေကဇာတင် အလှူတော်မင်္ဂလာပွဲ အခမ်းအနားတက်ရောက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း ရန်အောင်ဇေယျသုခမင်္ဂလာစေတီတော်နှင့် မဟာဗောဓိပင် ဂြိုဟ်ရှစ်ခွင် ဗုဒ္ဓါဘိသေကဘုရားအနေကဇာတင် အလှူတော်မင်္ဂလာပွဲ အခမ်းအနားတက်ရောက်




စစ်တွေ   ၊    နိုဝင်ဘာ ၁၀


ရန်အောင်ဇေယျသုခမင်္ဂလာစေတီတော်နှင့် မဟာဗောဓိပင် ဂြိုဟ်ရှစ်ခွင်ဗုဒ္ဓါဘိသေက ဘုရားအနေကဇာတင် အလှူတော်မင်္ဂလာပွဲကို ယနေ့နံနက်ပိုင်းက စစ်တွေတပ်နယ်၌ ကျင်းပရာ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းနှင့်ဇနီး၊ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်၊ တိုင်းမှူး၊ ဗိုလ်ချုပ် ကျော်စွာဦးနှင့်ဇနီး၊ ပြည်နယ် တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ စစ်တွေတပ်နယ်မှတပ်မတော်အရာရှိကြီးများနှင့် ဇနီးများ၊ တပ်ဖွဲ့ဝင်များနှင့်မိသားစုဝင်များ တက်ရောက်ကြသည်။

ဦးစွာ စစ်တွေမြို့၊ နန္ဒာရာမပရိယတ္တိစာသင်တိုက် ပဓာနနာယက၊ ပြည်နယ်ဩဝါဒါ စရိယ၊ အဂ္ဂမဟာမင်္ဂလဓမ္မဇောတိကဓဇ၊ အဂ္ဂမဟာပဏ္ဍိတ၊ အဘိဓဇမဟာရဋ္ဌဂုရု ဘဒ္ဒန္တနန္ဒသိရီ မဟာထေရ်မြတ်နှင့် သံဃာတော်အရှင်သူမြတ်များက ရန်အောင်ဇေယျသုခ မင်္ဂလာစေတီတော်အား ဗုဒ္ဓါဘိသေကအနေကဇာတင် ဘိသိက်သွန်းလောင်းပူဇော်ကြပြီး အဘိဓဇမဟာရဋ္ဌဂုရု ဘဒ္ဒန္တနန္ဒသိရီ မဟာထေရ်မြတ်ကဦးဆောင်ကာ ပြည်နယ်ဝန်ကြီးချုပ်နှင့်တိုင်းမှူးတို့က စေတီတော်အား အမွှေးနံ့သာရည်များပက်ဖျန်းပူဇော်ကြသည်။

ဆက်လက်၍ အဘိဓဇမဟာရဋ္ဌဂုရု ဘဒ္ဒန္တနန္ဒသိရီ မဟာထေရ်မြတ်နှင့် သံဃာတော်အရှင်သူမြတ်များက မဟာဗောဓိပင်ဂြိုဟ်ရှစ်ခွင်အား ဗုဒ္ဓါဘိသေကအနေကဇာတင် ဗုဒ္ဓါဘိသိက်သွန်းလောင်းပူဇော်ကြပြီး အဘိဓဇမဟာရဋ္ဌဂုရု ဘဒ္ဒန္တနန္ဒသိရီ မဟာထေရ်မြတ်က ဦးဆောင်ကာ ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ တပ်မတော် အဆင့်မြင့်အရာရှိကြီးများက စေတီတော်အား အမွှေးနံ့သာရည်များ ပက်ဖျန်းပူဇော်ကြသည်။

ထို့နောက် အဆိုပါဘုရားဓမ္မာရုံ၌ နန္ဒာရာမ ပရိယတ္တိစာသင်တိုက် ပဓာနနာယက၊ ပြည်နယ်ဩဝါဒါစရိယ၊ အဂ္ဂမဟာမင်္ဂလဓမ္မ ဇောတိကဓဇ၊ အဂ္ဂမဟာပဏ္ဍိတ၊ အဘိဓဇမဟာရဋ္ဌဂုရု ဘဒ္ဒန္တနန္ဒသိရီ မဟာထေရ်မြတ်နှင့် သံဃာတော်အရှင်သူမြတ်များ၊ ပြည်နယ်ဝန်ကြီးချုပ်အမှူးပြုသော ဧည့်ပရိသတ်များက နမောတဿသုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ အခမ်းအနားကို ဖွင့်လှစ်ပေးကြသည်။

ဆက်လက်၍ ပြည်နယ်ဩဝါဒါစရိယ၊ အဂ္ဂမဟာပဏ္ဍိတ၊ အဘိဓဇမဟာရဋ္ဌဂုရု ဘဒ္ဒန္တနန္ဒသိရီ မဟာထေရ်မြတ်ထံမှ ပြည်နယ်ဝန်ကြီးချုပ်အမှူးပြုသော ဧည့်ပရိသတ် များကငါးပါးသီလခံယူကြပြီး သံဃာတော်အရှင်သူမြတ်များကမေတ္တသုတ်ပရိတ်တရားတော်များ ရွတ်ပွားချီးမြှင့်တော်မူကြသည်။ ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်ဇနီး၊ တိုင်းမှူးနှင့် ဇနီး၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်နှင့် တာဝန်ရှိသူများက ဆရာတော်ကြီးများအား လှူဖွယ်ပစ္စည်းများဆက်ကပ်လှူဒါန်းကြသည်။

ထို့နောက် စစ်တွေမြို့ ရွှေစေတီကျောင်းတိုက် ဆရာတော် အဂ္ဂမဟာသဒ္ဓမ္မ ဇောတိကဓဇ၊ အဂ္ဂမဟာမင်္ဂလဓမ္မဇောတိကဓဇ ဒေါက်တာ ဘဒ္ဒန္တအရိယဝံသထံမှ အနုမောဒနာတရားနာယူ၍ လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချအမျှပေးခဲ့ကြပြီး သံဃာတော်အရှင်သူမြတ်များအား နေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ကြကြောင်း သတင်းရရှိသည်။


တင်ထွန်း 

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)