နိုဝင်ဘာ - ၁၇ ( တနင်္လာနေ့ )
ထိုင်း-ကမ္ဘောဒီးယားနယ်စပ်တလျှောက် နောက်ဆုံးဖြစ်ပေါ်တိုးတက်မှုများနှင့် ပတ်သက်၍ ထိုင်းအစိုးရနှင့် စစ်တပ် က တနင်္လာနေ့တွင် ပူးတွဲသတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့ပါတယ်။ ထိုင်း ကာကွယ်ရေးဝန်ကြီးဌာနမှ အသစ်မြုုပ်ထားတဲ့ မြေမြှုပ်မိုင်းဆိုင်ရာ အထောက်အထားများ ပြသကာ ကွာလာလမ်ပူ ငြိမ်းချမ်းရေး ကြေငြာချက်ကို ကမ္ဘောဒီးယားဘက်ကနေ ချိုးဖောက်နေတယ်လို့ စွပ်စွဲခဲ့ပါတယ်။
မကြာသေးမီလများအတွင်း ထိုင်းစစ်သားများက သတ္တမအကြိမ် မြေမြှုပ်မိုင်းရှင်းလင်းရေးတွေကိုလုပ်ခဲ့ရာမှာ နိုဝင်ဘာ ၁၀ ရက်မှစပြီး တာဝန်ရှိသူများက ရှင်းလင်းရေး အေဂျင်စီများစွာထံမှ သတင်းအချက်အလက်များ အဆက်မပြတ်ရရှိခဲ့ကြောင်း အစိုးရပြောရေးဆိုခွင့်ရှိသူက ပြောကြားခဲ့သည်။
ပြည်နယ်အစိုးရ အဖွဲ့အားလုံးက ပြည့်စုံပြီး တိကျသော အချက်အလက်များ ပံ့ပိုးပေးခဲ့သော်လည်း ၎င်းတို့၏ ကြေငြာချက် အချိန် ကွာခြားမှုကြောင့် လူအများ ရှုပ်ထွေးမှုများ ဖြစ်စေနိုင်ကြောင်း ၎င်းက မှတ်ချက်ပြုခဲ့ပါတယ်။
ပူးတွဲကြေညာချက်မူဘောင်သစ် အရ နှစ်လအတွင်း နယ်စပ်မှာတပ်စွဲထားတဲ့ ထိုင်းစစ်တပ်တွေကို ဆုတ်ခွာမယ့် အစီအစဉ်ကို ရက်အကန့်အသတ်မရှိ ရွှေ့ဆိုင်းထားကြောင်း ၎င်းက အတည်ပြုပြောကြားခဲ့ပါတယ်။ ကမ္ဘောဒီးယားဘက်က ဘယ်လိုသဘောထားတွေ ရှိပါစေ ထိုင်းနိုင်ငံသည် ၎င်း၏ပိုင်နက်နယ်မြေအတွင်း မြေမြှုပ်မိုင်းများကို အပြည့်အဝရှင်းလင်းရေး လုပ်ဆောင်မှာပဲ ဖြစ်ပါတယ်။
“ထိုင်းအစိုးရအနေနဲ့ ရှေ့ကို ဆက်သွားမယ်။ ကမ္ဘောဒီးယားနဲ့ နှစ်နိုင်ငံ ယန္တရားတွေ လည်ပတ်နိုင်ရင် အဲဒါတွေကို ကျွန်တော်တို့ သုံးမယ်။ အဲဒါတွေ မလုပ်နိုင်ရင် နိုင်ငံစုံ ယန္တရားအဖြစ် ပြောင်းသုံးသွားမယ်” လို့ ဆိုပါတယ်။ ထိုင်းနိုင်ငံအနေနဲ့ နယ်စပ်ဒေသများကို ဆက်လက် စီမံခန့်ခွဲပြီး နယ်စပ်ဖြတ်ကျော် လိမ်လည်မှုကွန်ရက်များကို နှိမ်နင်းသွားမည်ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောပါတယ်။
REF: The Nation
https://t.me/MyanmarNationalPost


No comments:
Post a Comment