အမေရိကန် အဆိုပြုတဲ့ ယူကရိန်းငြိမ်ချမ်းရေး အစီအစဉ်ကို အီးယူ လက်မခံ - Myanmar National Post

Myanmar National Post

News Agency

Breaking

အမေရိကန် အဆိုပြုတဲ့ ယူကရိန်းငြိမ်ချမ်းရေး အစီအစဉ်ကို အီးယူ လက်မခံ


နိုဝင်ဘာ - ၂၁ ( သောကြာနေ့ ) 

ယူကရိန်းပဋိပက္ခအဆုံးသတ်ရန် အမေရိကန်က နောက်ဆုံးအဆိုပြုထားသည့် အစီအစဉ်ကို ဥရောပသမဂ္ဂ (အီးယူ) က ဆန့်ကျင်ကန့်ကွက်ခဲ့ပြီး မည်သည့်ဖြေရှင်းမှုမဆို အီးယူနဲ့ ယူကရိန်း ရဲ့ သဘောထားမပါဘဲ ခွင့်မပြုနိုင်ဘူးလို့ ဆိုလိုက်ပါတယ်။ 

ရုရှားနဲ့ ညှိနှိုင်းပြီး ရေးဆွဲထားသည့် အချက် ၂၈ ချက်ပါ သဘောတူညီချက်မူကြမ်းသည် ယူကရိန်းပိုင် ဒွန်ဘားစ်ဒေသကို ခွဲထွက်ခွင့်ပေးရန်၊ ယူကရိန်း လက်နက်ကိုင်တပ်ဖွဲ့များကို ထက်ဝက်လျှော့ချရန်၊ တိုက်ခိုက်နေဆဲယူကရိန်းတပ်ဖွဲ့ဝင်တွေ လက်နက်ချရန် နဲ့ ယူကရိန်း က နေတိုးအဖွဲ့ထဲကို ဝင်ဖို့ဆိုတဲ့ ရည်မှန်းချက်များကို စွန့်လွှတ်ရန် ဆိုတဲ့ အချက်တွေ ပါနေပါတယ်။ အဲ့ဒိအဆိုပြုချက်ကို လက်ခံရရှိကြောင်း မနေ့က ယူကရိန်းအစိုးရဘက်က အတည်ပြုခဲ့ပြီး ယူကရိန်းသမ္မတဇီလန်စကီးက အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နဲ့ လာမည့်ပိုင်းအတွင်း ဆွေးနွေးရန် မျှော်လင့်ထားကြောင်း မီဒီယာတွေမှာ ဖော်ပြထားပါတယ်။ 

အစီအစဥ်မူကြမ်းကို အီးယူရှိ ယူကရိန်းကို ထောက်ခံသူများက ဝေဖန်ခဲ့ပြီ မနေ့က ဘရက်ဆဲလ်မှာ အစည်အဝေးခေါ်ယူခဲ့ပုံရပါတယ်။ အီးယူ နိုင်ငံခြားရေးမူဝါဒ အကြီးအကဲ ကာဂျာ ကော်လက်စ်  က ရုရှားကို ဘာလိုက်လျောမှု မပေးနိုင်ကြောင်း ပြောကြားပြီး အမေရိကန်ရဲ့ အဆိုပြုချက်က ရုရှားကိုဘက်လိုက်နေတယ်ဆိုပါတယ်။ ဘယ်ငြိမ်းချမ်းရေး အစီအစဉ်မဆို အီးယူနဲ့ ယူကရိန်း နှစ်နိုင်ငံလုံး၏ ရပ်တည်ချက်များကို ထင်ဟပ်စေမှဖြစ်မယ် လို့လည်း အခိုင်အမာ ပြောကြားခဲ့ပါတယ်။

ပြင်သစ်နိုင်ငံခြားရေးဝန်ကြီး ဂျင်နိုဝယ်ဘာရော့က မည်သည့်သဘောတူညီချက်ကိုမဆို ဘက်လိုက်ပြီး လုပ်စရာမလိုကြောင်း ပြောကြားခဲ့ပေမဲ့ အခြားဝန်ကြီးအချို့ကမူ အဆိုပါစာရွက်စာတမ်းကို မမြင်ရသေးကြောင်းနှင့် မှတ်ချက်ပေးခြင်းမပြုမီ ရှင်းလင်းချက်လိုအပ်မည်ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။ 


REF: RT

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)