တောင်သာမြို့နယ်တွင် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ မဲရုံမှူး၊ ဒုမဲရုံမှူးလုပ်ငန်းလမ်းညွှန်နှင့် မဲပေးစက် ကိုင်တွယ်အသုံးပြုနည်းသင်တန်း ဖွင့်လှစ် - Myanmar National Post

Myanmar National Post

News Agency

Breaking

တောင်သာမြို့နယ်တွင် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ မဲရုံမှူး၊ ဒုမဲရုံမှူးလုပ်ငန်းလမ်းညွှန်နှင့် မဲပေးစက် ကိုင်တွယ်အသုံးပြုနည်းသင်တန်း ဖွင့်လှစ်




တောင်သာ  ၊ နိုဝင်ဘာ ၂၄


မန္တလေးတိုင်းဒေသကြီး၊ တောင်သာမြို့နယ်၌ ၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ မဲရုံမှူး၊ ဒုမဲရုံမှူး လုပ်ငန်းလမ်းညွှန် နှင့် MEVM မဲပေးစက် ကိုင်တွယ်အသုံးပြုနည်းသင်တန်းကို ယနေ့နံနက် ၁၀ နာရီက တောင်သာမြို့၊ အခြေခံပညာအထက်တန်းကျောင်း၊ နဝရတ်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

သင်တန်းတွင် မြို့နယ်စီမံခန့်ခွဲ့ရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဟန်သူရက အဖွင့်အမှာစကားပြောကြားရာတွင် သင်တန်းဖွင့်လှစ်ရခြင်းရည်ရွယ်ချက်နှင့် ရပ်ကွက်/ ကျေးရွာ ကော်မရှင်များ ဆောင်ရွက်ရမည့် တာဝန်များကို ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးသန်းထွန်းက မဲရုံမှူး၊ ဒုမဲရုံမှူးများအားလုံး ၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ယခုသင်တန်းအား ပူးပေါင်းပါဝင်ဆောင်ရွက်ပေးသည့်အတွက် အထူးကျေးဇူးတင်ရှိပါကြောင်း ပြောကြားခဲ့ပါသည်။

အဆိုပါသင်တန်းတွင် မဲရုံမှူး၊ ဒုမဲရုံမှူးများအား ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ ဦးစီးအရာရှိ ဒေါ်ပြုံးကြည်က မဲစာရင်းနှင့်ပတ်သက်၍ မဲရုံမှူး၊ ဒုမဲရုံမှူးလုပ်ငန်းလမ်းညွှန်အားလည်းကောင်း၊  ဒုတိယ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန်းထွဋ်နိုင်က မဲပေးစက်ဆိုင်ရာလုပ်ငန်းလမ်းညွှန်များနှင့် ထိန်းချုပ်စက်ကိုင်တွယ်သူလုပ်ငန်းလမ်းညွှန်များအားလည်းကောင်း၊ မြို့နယ်ဥပဒေအရာရှိ ဦးပြည့်ဖြိုးအောင်က ရွေးကောက်ပွဲဆိုင်ရာပြစ်မှု၊ ပြစ်ဒဏ်များအားလည်းကောင်း၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ ဒေါ်မြင့်က ရပ်ကွက်/‌ကျေးရွာအုပ်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ လုပ်ငန်းလမ်းညွှန်အားလည်းကောင်း၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ ဒုတိယဦးစီးမှူး ဒေါ်ခင်ပြုံးဝေနှင့် ဦးသီဟအောင်တို့က MEVM မဲပေးစက်ဖြင့် မဲပေးခြင်းသရုပ်ပြခြင်းအား (၂) ရက်သင်တန်း ပို့ချပေးခဲ့ကြောင်း သိရသည်။

အဆိုပါသင်တန်းတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဟန်သူရနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးသန်းထွန်းနှင့်အဖွဲ့ဝင်များက မဲရုံမှူး၊ ဒုမဲရုံမှူးများအား ကြည့်ရှုအားပေးစကားပြောကြားခဲ့ပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း၍ ရပ်ကွက်/ကျေးရွာအဖွဲ့ခွဲဥက္ကဋ္ဌများနှင့် အတွင်းရေးမှူးများ၊ ဌာနဆိုင်ရာ အကြီးအကဲများ၊ စုစုပေါင်း (၁၂၅) ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။

ကျော်မျိုးနိုင်(တောင်သာ)

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)