ငဖဲမြို့နယ်၌ ဒုတိယအကြိမ်ကြေညာမည့်မဲဆန္ဒရှင်စာရင်းများပြည့်စုံမှန်ကန်စေရေး စစ်ဆေးဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ငဖဲမြို့နယ်၌ ဒုတိယအကြိမ်ကြေညာမည့်မဲဆန္ဒရှင်စာရင်းများပြည့်စုံမှန်ကန်စေရေး စစ်ဆေးဆောင်ရွက်





ငဖဲ   ၊ နိုဝင်ဘာ ၁၁


မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် ငဖဲမြို့နယ်၌ ဒုတိယအကြိမ်ကြေညာမည့် မဲဆန္ဒရှင်စာရင်းများ ပြည့်စုံမှန်ကန်စေရေးအတွက် စစ်ဆေးဆောင်ရွက်ခြင်းကို ယမန်နေ့နံနက် ၁၀ နာရီက မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနရုံးအစည်းအဝေးခန်းမ၌ ပြုလုပ်သည်။

ဦးစွာ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဌ ဦးကျော်စိုးက ဒုတိယအကြိမ်ကြေညာမည့် မဲဆန္ဒရှင်စာရင်းများပြည့်စုံမှန်ကန်စေရေးနှင့်ပတ်သက်၍ အမှာစကားပြောကြားပြီး မြို့နယ်ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးကျော်သောင်းက မဲဆန္ဒရှင်စာရင်းများတိကျမှန်ကန်မှုရှိစေရေးအတွက် ဝိုင်းဝန်းပူးပေါင်းကူညီစိစစ်ပေးကြရန် ဆွေးနွေးပြောကြားသည်။

ဆက်လက်၍ မြို့နယ်ရွေးကောက်ပွဲအရာရှိ ဦးမင်းသီဟသန်းက ပထမအကြိမ်ထုတ်ပြန် ကြေညာထားသည့် မဲဆန္ဒရှင်စာရင်းပေါ်တွင်  ပြင်ဆင်ခြင်း၊ဖြည့်စွက်ခြင်း၊ ပယ်ဖျက်ခြင်းများ ဆောင်ရွက်ပြီး၍ ယခုဒုတိယအကြိမ်ကြေညာမည့်မဲဆန္ဒရှင် စာရင်းများပိုမို၍ ပြည့်စုံမှန်ကန်စေရန် အားလုံးပူးပေါင်းစိစစ်ပေးစေလိုကြောင်း ဆွေးနွေးပြောကြားသည်။

ထို့နောက် ဒုတိယအကြိမ်ကပ်ထားကြေညာမည့် မဲစာရင်းများမှန်ကန်ရေးအတွက် မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်များ၊ ရပ်/ကျေးအုပ်စုအုပ်ချုပ်ရေးမှူးများနှင့်စာရေးများ၊ နိုင်ငံရေးပါတီများမှ ကိုယ်စားလှယ်များပူးပေါင်း၍ အဖွဲ့သုံးဖွဲ့ခွဲပြီး မဲဆန္ဒရှင်စာရင်းများကို စိစစ်ကြကြောင်းနှင့် ပြင်ဆင်ထားသည့် မဲဆန္ဒရှင်စာရင်းများကို ငဖဲမြို့နယ်အတွင်းရှိ သက်ဆိုင်ရာရပ်ကွက်/ကျေးရွာအုပ်စု ကော်မရှင်အဖွဲ့ခွဲများတွင် နိုဝင်ဘာ ၁၅ ရက်မှ ၂၈ ရက်အထိ ဒုတိယအကြိမ်ကပ်ထားကြေညာမည်ဖြစ်ကြောင်း သိရသည်။


မယု ( ငဖဲ)

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)