မာရဝိဇယဗုဒ္ဓဥယျာဉ်တော်အတွင်း၌ ကျင်းပပြုလုပ်ခဲ့သည့် ၂၀၂၅ ခုနှစ်၊ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး တန်ဆောင်တိုင်ပွဲတော် စိန်နားပန်မီးပုံးပျံလွှတ်တင် ပူဇော်ခြင်းပြိုင်ပွဲတွင် နိုင်ငံခြားရေးဝန်ကြီးဌာနက စက္ခုပသာဒ အကောင်းဆုံးဆု ရရှိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မာရဝိဇယဗုဒ္ဓဥယျာဉ်တော်အတွင်း၌ ကျင်းပပြုလုပ်ခဲ့သည့် ၂၀၂၅ ခုနှစ်၊ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး တန်ဆောင်တိုင်ပွဲတော် စိန်နားပန်မီးပုံးပျံလွှတ်တင် ပူဇော်ခြင်းပြိုင်ပွဲတွင် နိုင်ငံခြားရေးဝန်ကြီးဌာနက စက္ခုပသာဒ အကောင်းဆုံးဆု ရရှိ




နေပြည်တော်၊ နိုဝင်ဘာ ၅

၂၀၂၅ ခုနှစ်၊ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး၏ တန်ဆောင်တိုင်မီးထွန်းပွဲတော် စိန်နားပန်မီးပုံးပျံလွှတ်တင်ပူဇော်ခြင်းပြိုင်ပွဲကို  နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်ရှိ မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး၏ မာရဝိဇယဗုဒ္ဓဥယျာဉ်တော်အတွင်း၌ ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ ၂ ရက် မှ  ၄ ရက်အထိ (၃) ရက်ကြာ ရိုးရာယဉ်ကျေးမှုအစဉ်အလာနှင့်အညီ ခမ်းနားထည်ဝါစွာဖြင့် စည်ကားသိုက်မြိုက်စွာကျင်းပပြုလုပ်ခဲ့ရာ နိုင်ငံခြားရေးဝန်ကြီးဌာနမှ ဝန်ထမ်းများကလည်း စိန်နားပန်မီးပုံးပျံဖြင့် အင်တိုက်အားတိုက်  ပါဝင်ယှဉ်ပြိုင်ခဲ့ကြသည်။ 

အဆိုပါစိန်နားပန်မီးပုံးပျံပြိုင်ပွဲတွင် နိုင်ငံခြားရေးဝန်ကြီးဌာနမှ လွှတ်တင်ပူဇော်သည့် သားကောင်းတမန်တို့၏စွမ်းအားသည် တိုင်းပြည်အတွက် အားမာန်တစ်ရပ်ဖြစ်သည်ကို ဖော်ကျူး ပုံဖော်ထားသည့် “သားကောင်းတမန်ပြည့်အားမာန်” စိန်နားပန်မီးပုံးပျံသည် “စက္ခုပသာဒ အကောင်းဆု” ကိုဆွတ်ခူးရရှိခဲ့သည်။  

စက္ခုပသာဒအကောင်းဆုကို နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေက ဆုလက်ခံရယူခဲ့ပြီး ဆုလက်ခံရယူစဉ်တွင်  နိုင်ငံခြားရေး ဝန်ကြီးဌာန ဝန်ထမ်းများက အိုးစည်ဒိုးပတ်အကများဖြင့် ဂုဏ်ယူဝင့်ကြွားစွာ မြိုင်မြိုင်ဆိုင်ဆိုင် သီဆိုတီးမှုတ်ကခုန်ခဲ့ကြသည်။ စိန်နားပန်မီးပုံးပျံ လွှတ်တင်ပူဇော်ခြင်းပြိုင်ပွဲသို့ ဝန်ကြီးဌာန (၁၄) ခုမှ ပါဝင် ယှဉ်ပြိုင်ခဲ့ကြကြောင်း သိရသည်။  


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)