မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင် ရွှေစည်းခုံစေတီတော်ကြီး လုံးတော်ပြည့်ရွှေသင်္ကန်းကပ်လှူပြီးစီးမှု(ရွှေပြည့်အောင်ပွဲ)၊ ဗုဒ္ဓဘိသေက အနေကဇာတင်ပူဇော်ပွဲ တက်ရောက်ကြည်ညို - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင် ရွှေစည်းခုံစေတီတော်ကြီး လုံးတော်ပြည့်ရွှေသင်္ကန်းကပ်လှူပြီးစီးမှု(ရွှေပြည့်အောင်ပွဲ)၊ ဗုဒ္ဓဘိသေက အနေကဇာတင်ပူဇော်ပွဲ တက်ရောက်ကြည်ညို

 



ညောင်ဦး ၊  နိုဝင်ဘာ ၁၈

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ညောင်ဦးမြို့ ရွှေစည်းခုံစေတီတော်ကြီးလုံးတော်ပြည့် ရွှေသင်္ကန်းကပ်လှူပြီးစီးမှု(ရွှေပြည့်အောင်ပွဲ) ဗုဒ္ဓဘိသေကအနေကဇာတင်လှူခြင်းကို ယနေ့  နံနက် ၇ နာရီ ၄၅ မိနစ်အချိန်က ရွှေစည်းခုံစေတီ‌တော်ကြီး အရှေ့၊ အနောက်၊ တောင်နှင့် မြောက်ဘက်ရှိ ကြေးဂူတိုက် ၄ တိုက်တို့တွင် ဆရာတော်အရှင်သူမြတ်များကတစ်ပြိုင်နက် ဗုဒ္ဓဘိသေကအနေကဇာတင်လှူခဲ့ရာ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင်နှင့်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ တက်ရောက်ကြည်ညိုခဲ့ကြောင်း သိရသည်။

ဆက်လက်၍ ရွှေစည်းခုံဘုရားဝန်းအတွင်းရှိ ဝေဇယန္တာဓမ္မဗိမ္မာန်တော်၌ ရွှေစည်းခုံဘုရားကြီး လုံးတော်ပြည့် ရွှေသင်္ကန်းဆက်ကပ်လှူပြီးစီးမှု (ရွှေပြည်အောင်ပွဲ)ရေစက်ချမင်္ဂလာအခမ်းအနားပြုလုပ်ရာ ဆရာတော်အရှင်သူမြတ်များနှင့် ဧည့်ပရိတ်သတ်တို့က နမောတဿသုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ ရေစက်ချမင်္ဂလာအခမ်းအနားဖွင့်လှစ်သည်။ ထို့နောက် နိုင်ငံကျော်တေးသံရှင် အေးမြဖြူက ထူးမခြားနားရောင်တော်ဖွင့်သီချင်းဖြင့် သီကျုးပူဇော်ပြီးနောက် နိုင်ငံတော်ဩဝါဒါစရိယ၊ မြစ်ကြည့်တိုက်၊ ရုပ်စုံကျောင်းဆရာတော် ဘဒ္ဒန္တဣန္ဒဝံသအရှင်သူမြတ်ထံ ငါးပါးသီလခံယူဆောက်တည်ကြကာ မေတ္တာသုတ်ပရိတ်တရားတော်များ နာယူကြည်ညိုကြသည်။ ထို့နောက် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင်က သာသနာရေးဆိုင်ရာများ လျှောက်ထားတင်ပြသည်။ ဆက်လက်၍ နိုင်ငံကျော်အဆိုတော် အေးမြဖြူက အံ့ဖွယ်ကိုးစုံရွှေစည်းခုံ စေတီတော်မြတ်ကြီး၏ ဂုဏ်တော်ဖွင့်ပိုက်စုံရတုဖြင့် သီကျူးပူဇော်သည်။

ထို့နောက် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင်၊ စည်ပင်သာယာရေးဝန်းကြီး ဦးကျော်ဆန်း၊ လူမှုရေးရာဝန်ကြီး ဦးအောင်ကျော်မိုးနှင့်အဖွဲ့ဝင်များ၊ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကျော်မင်းညိုနှင့်အဖွဲ့ဝင်များ၊ ခရိုင်အဆင့်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ အလှူရှင်များက သံဃာတော် ၁၀၈ ပါးတို့အား လှူဖွယ်ဝတ္ထုပစ္စစည်းများ အသီးသီးဆက်ကပ်လှူဒါန်းကြပြီးနောက် ညောင်ဦးမြို့နယ် သံဃာ့နာယကအဖွဲ့ဥက္ကဋ္ဌ၊ အလိုတော်ပြည့်စာသင်တိုက်၊ ပဓာနနာယကဆရာတော် (ဂန္ထဝါစက ပဏ္ဍိတ၊မဟာသဒ္ဓမ္မဇောတိကဓဇ) ဘဒ္ဒန္တပဏ္ဍိတအရှင်သူမြတ်ထံမှ အနုမောဒနာတရားနာယူ၍ ရေစက်သွန်းချအမျှအတန်းပေးဝေကြပြီး အခမ်းအနားအား ဗုဒ္ဓသာသနံစိရံတိဋ္ဌတု သုံးကြိမ်ရွတ်ဆိုဆုတောင်း၍အခမ်းအနားပြီးမြောက်ရုပ်သိမ်းခဲ့ကြောင်း သိရသည်။

ဒီပါလင်း

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)