ပေါင်၊ နိုဝင်ဘာ ၁၉
မွန်ပြည်နယ်၊ပေါင်မြို့နယ် ကြက်ခြေနီအသင်းခွဲမှ ဦးဆောင်၍ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC)နယ်လှည့်ခြေတုတပ်ဆင်ရေးအဖွဲ့မှ ပေါင်မြို့နယ်အတွင်းရှိ မသန်စွမ်း ပြည်သူများအား ခြေတုလက်တု အခမဲ့ပြုလုပ်ပေးခဲ့ရာ ပေါင်မြို့နယ်အတွင်းရှိပြည်သူစုစုပေါင်း (၃၁)ဦးက ပြုလုပ်ခဲ့ကြောင်းသိရသည်။
ပေါင်မြို့နယ်ကြက်ခြေနီအသင်းခွဲအနေဖြင့်ခြေတုလက်တုများပြုလုပ်ပေးခြင်းဖြင့် လမ်းလျှောက်နိုင်ခြင်း၊ အရာဝတ္ထုများကိုကိုင်တွယ်ပြုလုပ်နိုင်ခြင်း၊ကိုယ်ဟန်အနေအထား ထိန်းညှိရန် - ခန္ဓာကိုယ်၏ ဟန်ချက်ညီမှုကို ထိန်းသိမ်းပေးခြင်း၊ ကျန်ရှိသော အစိတ်အပိုင်းများကို ထိခိုက်မှုမှ ကာကွယ်ပေးခြင်း၊ ကိုယ်ခန္ဓာအစိတ်အပိုင်း ဆုံးရှုံးမှုကြောင့်ဖြစ်ပေါ်လာနိုင်သော စိတ်ဒဏ်ရာများကို လျှော့ချပေးခြင်း၊ ယုံကြည်မှုပြန်လည်ရရှိစေခြင်း၊ခန္ဓာကိုယ်၏ ပုံသဏ္ဍာန်ပကတိကို ပြန်လည်ရရှိစေခြင်း၊လူ့အဖွဲ့အစည်းအတွင်း ပိုမိုလွယ်ကူစွာ ပြန်လည်ပေါင်းစည်းနိုင်ခြင်းစသည်များပြန်လည်ခံစားစေခြင်းကြောင့် ပြုလုပ်ပေးရခြင်းဖြစ်ကြောင်းသိရသည်။
မွန်မလေး
https://t.me/MyanmarNationalPost



No comments:
Post a Comment