ပေါင်၊ နိုဝင်ဘာ ၂၃
မွန်ပြည်နယ်၊ ပေါင်မြို့နယ် အတွင်းရှိ ဌာနိုင်ရာ ဝန်ထမ်းများအား မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM) ဖြင့် လက်တွေ့သရုပ်ပြစမ်းသပ် မဲပေးနည်းကို ယမန်နေ့က ဝါရီရူခန်းမ၌ ပြုလုပ်ခဲ့ရာ သထုံခရိုင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ဦးစီးမှူး ဦးမောင်မောင်မြင့်၊ ခရိုင် ကော်မရှင်လက်ထောက်ညွှန်ကြားရေးမှူး ဦးသက်နိုင်ဦး၊ ခရိုင်အထွေ ထွေအုပ်ချုပ်ရေးဦးစီးဌာန လက်ထောက်ညွှန်ကြားမှူးဦးကျော်စိုး၊ ပေါင်မြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးထင်လင်းအောင်နှင့် အဖွဲ့ဝင်များ၊ သထုံခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးစံလှဘော်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးနေမျိုးနှင့်အဖွဲ့ဝင်များမှ ကြည့်ရှု အားပေးခဲ့ကြောင်းသိရသည်။
ဆက်လက်၍ ပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး မှဒုတိယဦးစီးမှူး ဦးအောင်ကျော်မြင့်က မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM)ဖြင့် လက်တွေ့သရုပ်ပြစမ်းသပ်မဲပေးနည်းအသိပညာပေးခြင်း ဆောင်ရွက်ရသည့် ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားပြီး မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM)ဖြင့် လက်တွေ့သရုပ်ပြစမ်းသပ်မဲပေးနည်းအသုံးပြုပုံ၊ အသုံးပြုနည်းများအား ဆက်လက်ရှင်းလင်း ပြသခဲ့ရာ သင်တန်းသား (၁၀၀)ဦးတက်ရောက်ခဲ့ကြောင်းသိရသည်။
မွန်မလေး
https://t.me/MyanmarNationalPost



No comments:
Post a Comment