ရန်ကုန်၊ နိုဝင်ဘာ ၂
ရန်ကုန်တိုင်းဒေကြီး MSMEs တန်ဆောင်တိုင်ဈေးရောင်းပွဲတော်နှင့်ဂီတဖျော်ဖြေပွဲကိုယနေ့နံနက်ပိုင်းအချိန်မှစတင်၍ ပြည်သူ့ရင်ပြင်ပန်းခြံ၌ ဆက်လက်ကျင်းပရာ ဒေသထွက်ထုတ်ကုန်ပစ္စည်းရောင်းချသူများ၊ ဝယ်ယူအားပေးကြသူများ၊ပွဲတော်သို့ အပန်းဖြေလာရောက်လည်ပတ်ကြသူ ပြည်သူများဖြင့် အထူးပင်စည်ကားလျက်ရှိကြောင်း သိရသည်။
ဈေးရောင်းပွဲတော်တွင် စက်မှုဇုန်ထုတ်ပစ္စည်းများ၊MSMEလုပ် ငန်းရှင်များ၏ပြခန်းများ၊အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊သမဝါယမဦးစီးဌာန၊ရန်ကုန်တိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီမှ စက်မှုထုတ်ကုန်များ၊ မြန်မာ နိုင်ငံကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်(UMFCCI)၊ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်၊ တိုင်းဒေသကြီး၊ ပြည်နယ်များမှ ဒေသထွက်ကုန်ပစ္စည်းများနှင့်အစားအစာအရောင်းဆိုင်များ၊ စားသောက်ဆိုင်ခန်းများ အပါအဝင် ဈေးဆိုင်ခန်းပေါင်း ၆၃၀ ကျော် ဖွင့်လှစ်ပြသရောင်း ချလျက်ရှိပြီး ပြည်တွင်းထုတ် ကုန်ပစ္စည်းများဖြစ်သည့် အဝတ် အထည်များ၊ စားသောက်ကုန်များ၊ အလှမွေးငါးများ၊ အိမ်မွေးတိရစ္ဆာန် တွားသွားသတ္တဝါများ၊ မြန်မာ့သနပ်ခါးများကို ခင်းကျင်းပြသရောင်းချလျက်ရှိ သည့်အပြင် မြန်မာနိုင်ငံ ဆီကုန် သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းက သက်သာသောဈေးနှုန်းများဖြင့် စားသုံးဆီများကို ရောင်းချပေးလျက်ရှိရာကြည့်ရှုဝယ်ယူအားပေးကြသူများဖြင့် စည်ကားလျက်ရှိကြောင်း သိရသည်။
ထို့အပြင် တန်ဆောင်တိုင် ဈေးရောင်းပွဲတော်တွင်ထည့်သွင်းစီစဉ်ကျင်းပသည့် Talk Show အစီအစဉ်၌ MSME များအတွက်ချေးငွေနှင့် စံချိန်စံညွှန်းဆိုင်ရာနှင့် အထောက်အပံ့များ စသည့်ခေါင်းစဉ်ဖြင့် ဆွေးနွေးကြရာ စီးပွားရေးလုပ်ငန်းရှင်များနှင့် ပွဲတော်လာပြည်သူများက စိတ်ဝင်တစား တက်ရောက်ကြည့်ရှုအားပေးခဲ့ကြသည်။
၎င်းအပြင် ဖျော်ဖြေရေးမဏ္ဍပ်၌လည်း ဖျော်ဖြေရေးအစီအစဉ်များအဖြစ် သဘင်နှင့်ဂီတနယ်ပယ်မှ ကျော်ကြားသည့် အနုပညာရှင်များ၊ DJ ပညာရှင်များ၊ အကအဖွဲ့များနှင့် မျိုးဆက်သစ်တေးသံရှင်များစွာတို့၏ သီဆို ဖျော်ဖြေတင်ဆက်ခဲ့ကြပြီး ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် အလှူရှင်မိသားစုတို့က စတုဒိသာအလှူအဖြစ် ထမင်း၊ ဟင်းများကိုလည်း လှူဒါန်းခဲ့ကြသည်။ အဆိုပါဈေးရောင်းပွဲတော်ကို ၂၀၂၅-ခုနှစ် နိုဝင်ဘာလ(၁)ရက်နေ့မှ နိုဝင်ဘာလ(၄)ရက်နေ့အထိ နေ့စဉ်နံနက်(၈)နာရီမှ ည(၁၀) နာရီအချိန်အထိ ကျင်းပပြုလုပ်လျက်ရှိပြီး ပွဲတော်လာပြည်သူများ သွားရေး၊လာရေး အဆင်ပြေလွယ်ကူချောမွေ့စေရန်အတွက်လည်း အကြို/အပို့ကားများ စီစဉ်ဆောင်ရွက်ပေးထားကြောင်းသတင်းရရှိပါသည်။
နိုင်လင်းအောင်
https://t.me/MyanmarNationalPost








No comments:
Post a Comment