တရုတ်တစ်နိုင်ငံတည်းမူဝါဒ (One China Policy)အပေါ် မြန်မာနိုင်ငံက ခိုင်မာစွာထောက်ခံရပ်တည်လျက် ရှိကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်း ရှင်းလင်းပြောကြား - Myanmar National Post

Myanmar National Post

News Agency

Breaking

တရုတ်တစ်နိုင်ငံတည်းမူဝါဒ (One China Policy)အပေါ် မြန်မာနိုင်ငံက ခိုင်မာစွာထောက်ခံရပ်တည်လျက် ရှိကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်း ရှင်းလင်းပြောကြား


နေပြည်တော်၊ နိုဝင်ဘာ ၂၁

ဂျပန်ဝန်ကြီးချုပ် Mrs. Takaichi ၏ ထိုင်ဝမ်အရေးနှင့်ပတ်သက်၍ ပြောကြားချက်အပေါ် မီဒီယာများ၏ မေးမြန်းချက်များအား ဗိုလ်ချုပ် ဇော်မင်းထွန်း၏ ပြန်လည်ဖြေကြားချက်ရာတွင် တရုတ်တစ်နိုင်ငံတည်းမူဝါဒ (One China Policy)အပေါ် မြန်မာနိုင်ငံက ခိုင်မာစွာထောက်ခံရပ်တည်လျက် ရှိကြောင်း ရှင်းလင်းဖြေကြားထားသည်။

ဗိုလ်ချုပ်ဇော်မင်းထွန်း က "ဂျပန်ဝန်ကြီးချုပ်သစ်ရဲ့ ထိုင်ဝမ်အရေးနဲ့ပတ်သက်ပြီး ပြောကြားချက်များကို ကျွန်တော်တို့ နိုင်ငံတကာ မီဒီယာတွေမှာ တွေ့လိုက်ပါတယ်။ ဒီကိစ္စနဲ့ပတ်သက်လို့ မြန်မာနိုင်ငံရဲ့သဘောထားကတော့ - မြန်မာနိုင်ငံအစိုးရသည် တရုတ်နိုင်ငံရဲ့ တရုတ်တစ်နိုင်ငံတည်းမူဝါဒ (One China Policy)ကို ခိုင်မာစွာ ထောက်ခံရပ်တည်လျက်ရှိပါတယ်။ တရုတ်တစ်နိုင်ငံတည်းမူဝါဒ (One China Policy)အပေါ် မြန်မာနိုင်ငံက ခိုင်မာစွာထောက်ခံရပ်တည်လျက် ရှိကြောင်းကိုလည်း မြန်မာနိုင်ငံယာယီသမ္မတ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က တရုတ်နိုင်ငံခေါင်းဆောင်များနှင့်တွေ့ဆုံရချိန်တိုင်းမှာ ထပ်လောင်းအတည်ပြု ခိုင်မာစွာ ပြောကြားခဲ့ပါတယ်။ တရုတ်-မြန်မာနှစ်နိုင်ငံသည် အိမ်နီးချင်း မိတ်ဆွေကောင်းနိုင်ငံများဖြစ်ပြီး မဟာဗျူဟာ မိတ်ဖက်နိုင်ငံများနဲ့ အေးအတူပူအမျှအသိုက်အဝန်းကို တည်ဆောက်နေတဲ့နိုင်ငံများ ဖြစ်ပါတယ်။ ဒီအချက်အပေါ်မှာ မြန်မာက အထူးအလေးထား တန်ဖိုးထားပါတယ်။ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေးမူကြီး ၅ ချက်ရဲ့ ပထမအချက်ပါအတိုင်း တရုတ် နိုင်ငံရဲ့ နယ်မြေတည်တံ့ခိုင်မြဲမှုနှင့် အချုပ်အခြာအာဏာပိုင်ဆိုင်မှုအပေါ်မှာ မြန်မာက လေးစားပြီး ၎င်းအချက်အပေါ်ကာကွယ်ခြင်းကို မြန်မာက အစဉ်အမြဲထောက်ခံရပ်တည် လျက်ရှိပါတယ်။" ဟု ရှင်းလင်းဖြေကြားထားသည်။

ဆင်ဟွာသတင်းတွင် တရုတ်နိုင်ငံက အခြားနိုင်ငံများ၏ ပြည်တွင်းအရေးကိစ္စများကို မည်သည့်အခါကမျှ ကြားဝင်စွက်ဖက်မှုများ မရှိကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ပြောကြားချက်ကို ဖော်ပြထားသည်။

ဂျပန်နိုင်ငံ ဝန်ကြီးချုပ် ဆာနာအဲ တာကာအိချိ၏ ထိုင်ဝမ်နှင့်ဆက်နွှယ်သည့် မှတ်ချက်များကို ရုရှားနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူတစ်ဦးက နိုဝင်ဘာ ၂၀ ရက်တွင် ထပ်မံဝေဖန်ခဲ့သည်။ ဒုတိယကမ္ဘာစစ်ပြီးနောက် နှစ် ၈၀ ကြာသည့်တိုင် ဂျပန်နိုင်ငံအနေဖြင့် ၎င်း၏အမှားများကို မသိရှိသေးကြောင်း ပြောကြားခဲ့ခြင်းဖြင့် ထပ်မံဝေဖန်ခဲ့ခြင်းဖြစ်သည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)