တပ်မတော်ရဲ့ သဘောထားမှန်ကို သိသွားတဲ့ PDF တစ်ဦးရဲ့ ဝန်ခံထွက်ဆိုချက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တပ်မတော်ရဲ့ သဘောထားမှန်ကို သိသွားတဲ့ PDF တစ်ဦးရဲ့ ဝန်ခံထွက်ဆိုချက်



ကျွန်တော် PDF ထဲဝင်ရောက်တာကျတော့ ကရင်ပြည်နယ်ကနေစပြီးတော့ ဝင်သွားတာပါ။ ကရင်ပြည်နယ်ကနေ ဝင်ပြီးတော့ ကျွန်တော်စစ်ကိုင်းကို သွားရပါတယ်။ ကျွန်တော်တို့ စစ်တိုက်တာကအစ သူတို့ဘက်ကနေပြီးတော့ လုပ်ဆောင်ချက်တွေလွဲတယ်။ ကျွန်တော်တို့ကို နိုင်ထက်စီးနင်းလုပ်တာတွေလည်းပါတယ်။ နောက်အစားအသောက်ကအစ လူပါးဝပါတယ်။ အခုစစ်တိုက်တယ်ဆိုရင်လည်း ကျွန်တော်တို့ PDF တွေက ပထမစည်းမှာ စစ်တိုက်ရပါတယ်။ ကင်းစောင့်မယ်ဆိုရင်လည်း ကျွန်တော်တို့ PDF တွေကိုပဲ စောင့်ခိုင်းပါတယ်။ သူတို့ AA တွေကျတော့ မစောင့်ပါဘူး။ သူတို့ကနောက်မှာပဲ နေပါတယ်။ အကြောင်းရှိလို့ရှိရင် ကျွန်တော်တို့ စက်ပေါက်ပြီးတော့ ဒီမှာဒဏ်ရာရလို့ ဘာလို့လှမ်းခေါ်လို့ရှိရင်လည်း မင်းတို့ ဘာမင်းတို့ဆုတ်လာခဲ့ ငါတို့တက်လို့မရဘူး အဲဒီလိုပြောပါတယ်။ မှန်တယ်အောက်မေ့လို့ ကျွန်တော်ဝင်ခဲ့မိတယ်။ ဒါပေမယ့် မှန်မှမမှန်တာ။ သူတို့ရဲ့လမ်းစဉ်က မမှန်တော့ ကျွန်တော်တို့က ဆုံးဖြတ်တယ်။ ကျွန်တော်တို့ ဒီ ၁၇ ယောက်ပြေးတယ်။ ဒီမှာအလင်းလာဝင်ပြီဆိုလို့ရှိရင်လည်း ငါတို့နှစ်ယောက်ကလက်နက်ပါမှဖြစ်မယ်။ ကျန်တဲ့သူတွေကတော့ အချုပ်ထဲမှာ။ အချုပ်ဖောက်ပြေးကြပါတယ်။ အချုပ်ဖောက်ထွင်းပြီးတော့ အားလုံးကိုခေါ်လာပါတယ်။ ခေါ်လာတော့ ဒီရောက်တော့ ဘယ်ရောက်လို့ ရောက်နေမှန်းတောင် မသိဘူး။ မသိတော့ ဘယ်သူ့ကိုမှလည်း မဆက်သွယ်ရဲဘူး။ အဲဒီတော့ ကျွန်တော်တို့ကအမှန်အတိုင်း ပြောရရင် ယူနီဖောင်းတွေဝတ်ထားတဲ့ ဟာမျိုးကိုပဲ ဆက်သွယ်ရဲပါတယ်။ အဲဒီတော့ အဲဒါမျိုးတွေတွေ့မှပဲ ပြောမယ်ဆိုပြီးတော့ ကျွန်တော်တို့ တောလမ်းအတိုင်းပဲ လျှောက်လာတယ်။ လျှောက်လာတော့ ကျွန်တော်တို့ကိုဆက်သွယ်ပေးတော့ ကျွန်တော်တို့ မြန်အောင် ခလရ (၅၁)မှာ အလင်းဝင်ခဲ့ပါတယ်။ အခုဒီမှာ ပြန်ရောက်တော့ ကျွန်တော်တို့ဘဝမှာ ရေခဲရေသောက်လိုက်ရတာတောင် တော်တော်အကောင်းဆုံးဖြစ်နေပါတယ်။ ကျွန်တော်တို့က မထင်ထားဘူးပေါ့နော်။ ကျွန်တော်တို့ကိုတွေ့တာနဲ့ ကျွန်တော်တို့ကို သတ်မယ်လို့ပဲထင်ထားတာ။ ဒါပေမယ့် ကျွန်တော်တို့ထင်သလို မဟုတ်ပါဘူး။ ကျွန်တော်တို့ကို နွေးနွေးထွေးထွေးနဲ့ပဲ အားလုံးကကြိုဆိုကြပါတယ်။ စပြီးကျွန်တော်တို့ကို လာခေါ်ကတည်းက ညီလေးမင်းတို့ ဘာမှမဖြစ်ဘူး။ အေးအေးဆေးဆေးနေ ညီလေး။ မင်းတို့အဆင်ပြေ အောင်လုပ်ပေးမယ်။ အနီးစပ်ဆုံးနဲ့ အကောင်းမွန်ဆုံးဖြစ်အောင် အစ်ကိုကြီးတို့ လုပ်ပေးမယ်လို့ ပြောပါတယ်။ အားပေးစကား/ အားရှိစကားပဲ ကျွန်တော်တို့ကိုပြောပါတယ်။ ဒါတွေကို တွေ့ရတော့ ကျွန်တော်တို့အနေနဲ့ ဝမ်းလည်းဝမ်းသာတယ်။ ဂုဏ်လည်းဂုဏ်ယူတယ်။ ကျွန်တော်တို့ထင်ထားတာနဲ့ တလွဲတွေဖြစ်နေတယ်။ ကျွန်တော်တို့နေရာ၊ ကျွန်တော်တို့ဒေသကိုလည်း ပြန်ပို့ပေးတော့မယ်ဆိုတာ သိလိုက်ရတယ်။ ကျွန်တော်တို့ မိဘတွေလည်းခေါ်လို့ရတယ်။ ကျွန်တော်တို့ နှစ်နဲ့ချီပြီးတော့ မမြင်ရ၊ မတွေ့ခဲ့ရတာကို အဆက်အသွယ်ရခဲ့ပါတယ်။ ဒါကြောင့် တပ်မတော်ကြီးကိုလည်း ကျွန်တော်တို့က ကျေးဇူးတင်ပါတယ်။ ကျွန်တော်တို့အမှားကို ကျွန်တော် တို့သိပြီးတော့ အလင်းလာဝင်တယ်။ ဝင်တဲ့အချိန်မှာ ကျွန်တော်တို့မိဘတွေနဲ့ ပေးတွေ့တဲ့အချိန်မှာ ဝမ်းလည်းဝမ်းသာတယ်။ ဒီလိုဆက်သွယ်ပေးတဲ့ တပ်မတော်ကိုရော ဆရာကြီးအကုန်လုံးကိုရော ကျွန်တော်တို့က အထူးပဲကျေးဇူးတင်ကြောင်း ပြောလိုပါတယ်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)