ဒါကာ၊ ဒီဇင်ဘာ ၃၁
ဘင်္ဂလားဒေ့ရှ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်စိုးမိုးသည် ၃၁-၁၂-၂၀၂၅ ရက်တွင် ဒါကာမြို့ရှိ South Plaza, Jatiya Sangsad Bhaban(National Parliament House)၌ နေ့လယ် ၂ နာရီတွင် ပြုလုပ်ကျင်းပခဲ့သည့် ဝန်ကြီးချုပ်ဟောင်းနှင့် Bangladesh Nationalist Party(BNP) ဥက္ကဋ္ဌ Begum Khaleda Zia ၏ နိုင်ငံတော်အဆင့်ဈာပနအခမ်းအနားသို့ တက်ရောက်ခဲ့ပြီး အိမ်အမှတ်(၆)၊ လမ်းအမှတ်(၈၆)၊ Gulshan ရှိ သူမ၏နေအိမ်၌ ဖွင့်လှစ်ထားသည့် ဝမ်းနည်းကြောင်းစာအုပ်တွင် လက်မှတ်ရေးထိုးခဲ့ကြောင်း သိရသည်။
#News #MNP


No comments:
Post a Comment