ဂျာမနီဘဏ်တစ်ခု အဖောက်ခံလိုက်ရပြီး ယူရိုသန်း ၃၀ ကျော်ဖိုးပါသွား - Myanmar National Post

Myanmar National Post

News Agency

Breaking

ဂျာမနီဘဏ်တစ်ခု အဖောက်ခံလိုက်ရပြီး ယူရိုသန်း ၃၀ ကျော်ဖိုးပါသွား


ဒီဇင်ဘာ - ၃၁ ( ဗုဒ္ဓဟူးနေ့ ) 

ခရစ္စမတ်အားလပ်ရက်များအတွင်း ဂျယ်ဆန်ကာချန်မြို့ ရှိ ဘဏ်တိုက်တစ်ခုကို ဖောက်ထွင်းရေးသမားတွေက ဖောက်ထွင်းခဲ့ပြီး  ငွေသား နှင့် အဖိုးတန်ပစ္စည်းများ ခန့်မှန်းခြေဒေါ်လာ ၃၅ သန်း (ယူရိုသန်း ၃၀ ခန့်) ယူဆောင်သွားခဲ့တယ်လို့ ရဲများက ပြောကြားခဲ့ပါတယ်။ 

စပါကတ်စေး ငွေစုဘဏ်တွင် ဖောက်ထွင်းဝင်ရောက်မှုသည် စနေညနေ ကနေ တနင်္လာနေ့နံနက်ကြားတွင် ဖြစ်ပွားခဲ့ပါတယ် ။ သူခိုးများက ကွန်ကရစ်နံရံကို ဖောက်ထွင်းဝင်ရောက်ကာ လုံခြုံရေးအတားအဆီး ကို ကျော်ဖြတ်ပြီး မီးခံသေတ္တာအခန်း ထဲမှ သေတ္တာ ၃,၀၀၀ ကျော်ကို ဖွင့်ဖောက်ပြီး ယူသွားတာပါ။ သူတို့ကြောင့် ဘဏ်မှာ ငွေနဲ့ ပိုင်ဆိုင်မှုများ အပ်နှံသူ ၂၇၀၀ ခန့်  ထိခိုက်သွားခဲ့ရပါတယ်။ 

တနင်္လာနေ့ နံနက် ၄း၀၀ နာရီမထိုးခင်လေးမှာ ဘဏ်မှ မီးသတိပေးသံ ထွက်ပေါ်လာပြီးနောက်တွင် ရဲတပ်ဖွဲ့က ဝရုန်းသုန်းကားဖြင့် အခင်းဖြစ်နေရာကို သွားရောက်ခဲ့ပါတယ်။ အဲ့ဒိနေရာမှာ အဆင့်မြင့်စက်တွေကို သုံးပြီး ဖောက်ထွင်း ဝင်ရောက်ခဲ့တာကို တွေ့ခဲ့ရပါတယ်။ ရဲတွေကတော့ ကျွမ်းကျင်သူတွေရဲ့ လက်ချက်ဖြစ်ကြောင်း ကောက်ချက်ချခဲ့ပါတယ်။ 

စီစီတီဗီ မှတ်တမ်းမှာတော့ တနင်္လာနေ့ နံနက်အစောပိုင်းက ဘဏ်အနီးနားရှိ ကားပါကင်တွင် အိတ်ကြီးများ ကိုင်ဆောင်လာသည့် လူအများအပြားက အနက်ရောင် Audi RS 6 ကားနဲ့ ထွက်ခွာသွားတာကို တွေ့ရပါတယ်။  အဲ့ဒိကားကလည်း ဘဏ်ကနေ ကီလိုမီတာ ၂၀၀ ခန့်အကွာ ဟန်နိုဗာမြို့မှ ခိုးယူထားတဲ့ ကားဖြစ်ကြောင်း ရဲတွေက အတည်ပြုခဲ့ပါတယ်။

ဘဏ်မှာ ပစ္စည်းအပ်နှံထားတဲ့ ဖောက်သည်တွေက ဘဏ်ကို ရောက်လာတော့ စပါကတ်စေးဘဏ်က ပိတ်ထားပါတယ်။ အင်္ဂါနေ့မှာတော့ ဘဏ်ဘက်က မီးခံသေတ္တာခန်းထဲက သေတ္တာ အားလုံး နီးပါး ပါသွားကြောင်း အတည်ပြုလိုက်ပြီးမှာတော့ ဖောက်သည်တွေက ဘဏ်ရှေ့မှာ စုရုံးပြီး ဘဏ်ရဲ့ ဖြေရှင်းချက်ကို တောင်းဆိုနေပါတယ်။ 

မနေ့က ရဲတပ်ဖွဲ့ ထုတ်ပြန်ချက်အရ ပျက်စီးဆုံးရှုံးမှု ပမာဏကသည် ယူရိုသန်း ဆယ်ဂဏန်းဖိုးရှိနိုင်ကြောင်း ခန့်မှန်းထားတယ်လို့ သိရပါတယ်။ ဘဏ်ဖောက်သည်တွေကတော့ ဆုံးရှုံးမှုများကို ပြန်မလျော် ပေးနိုင်မှာ ကို  စိုးရိမ်ကြပြီး ၎င်းတို့အတွက် ထပ်ဆောင်းအာမခံ ရနိုင်ဖို့အတွက်လည်း စိတ်ပူနေရပါတယ်။ 

ရဲများက စုံစမ်းမှုလုပ်နေချိန်တွင် ဘဏ်ရုံးခွဲကို ပိတ်ထားမှာဖြစ်ပြီး ကျူးလွန်သူများကို အာဏာပိုင်များက ယခုအချိန်အထိ ဖမ်းဆီးခြင်းမရှိသေးပါဘူး။ 


REF: RT

#MNP #News #International

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)