လင်းခေးခရိုင်၊ ဟိုမိန်းမြို့နယ်ရှိ မဲရုံထားရှိမည့်နေရာ၊ မဲရုံလုံခြုံရေးဆောင်ရွက်ထားရှိမှုနှင့် အီလက်ထရောနစ် မဲပေးစက်ဖြင့် လက်တွေ့စမ်းသပ်မဲပေးမှုတို့အား သွားရောက်ကြည့်ရှု့စစ်ဆေး - Myanmar National Post

Myanmar National Post

News Agency

Breaking

လင်းခေးခရိုင်၊ ဟိုမိန်းမြို့နယ်ရှိ မဲရုံထားရှိမည့်နေရာ၊ မဲရုံလုံခြုံရေးဆောင်ရွက်ထားရှိမှုနှင့် အီလက်ထရောနစ် မဲပေးစက်ဖြင့် လက်တွေ့စမ်းသပ်မဲပေးမှုတို့အား သွားရောက်ကြည့်ရှု့စစ်ဆေး


နေပြည်တော်၊ ဒီဇင်ဘာ ၁၉

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးမြို့နယ်၊ ဟိုမိန်းမြို့ မြို့ပေါ်ရပ်ကွက်များနှင့် နားမွန်းလုံကျေးရွာ၊ မယ်အောကျေးရွာတို့၌ ၂၀၂၅ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအတွက် မဲရုံထားရှိမည့်နေရာနှင့် မဲရုံလုံခြုံရေးဆောင်ရွက်ထားရှိမှုအခြေအနေများကို ယမန်နေ့က အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် စိုးမြတ်ထွဋ်နှင့် တာဝန်ရှိသူများက သွားရောက်ကြည့်ရှုစစ်ဆေးသည်။

ဦးစွာ ခရိုင်အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများက လွှတ်တော်များအလိုက် မဲပုံးများထားရှိမည့်နေရာ၊  မဲရုံမှူးများ ထားရှိမည့်နေရာ၊ မဲစာရင်းစစ်ဆေးသူနေရာ၊ MEVM စက်ကိုင်တွယ်သူနေရာ၊ အီလက်ထရောနစ်မဲပေးစက်များ (MEVM) ထားရှိမည့်နေရာနှင့် လုံခြုံရေးဆောင်ရွက်ရန် စီမံပြင်ဆင်ထားမှုအခြေအနေတို့ကို ရှင်းလင်းတင်ပြရာ တိုင်းမှူးက လိုအပ်သည်များအား ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။

ထို့နောက် တိုင်းမှူးနှင့်တာဝန်ရှိသူများက ဒေသခံပြည်သူများက မဲရုံများအလိုက် မြန်မာအီလက်ထရောနစ် (MEVM) စက်များဖြင့် သရုပ်ပြလက်တွေ့စမ်းသပ် မဲပေးခြင်းများ ဆောင်ရွက်နေမှုများကို ကြည့်ရှုအားပေးပြီး လိုအပ်သည်များ ပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။


#News #MNP 

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)