မြိုင်ကြီးငူဆရာတော် ဘဒ္ဒန္တသုဇန၏ (၇)နှစ်ပြည့် အောက်မေ့ဖွယ် အလှူတော်မင်္ဂလာအခမ်း အနားကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

မြိုင်ကြီးငူဆရာတော် ဘဒ္ဒန္တသုဇန၏ (၇)နှစ်ပြည့် အောက်မေ့ဖွယ် အလှူတော်မင်္ဂလာအခမ်း အနားကျင်းပ



ဘားအံ၊ ဒီဇင်ဘာ ၁၃

ကရင်ပြည်နယ်၏ ငြိမ်းချမ်းရေးအကျိုးတော်ဆောင် ကျေးဇူးတော်ရှင် မြိုင်ကြီးငူဆရာတော် ဘဒ္ဒန္တသုဇန ၏ (၇) နှစ်ပြည့် အောက်မေ့ဖွယ် အလှူတော်မင်္ဂလာ  အခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းအချိန်က ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ် စုံနံ့သာမြိုင်ဆွေမြို့တော် မြိုင်ကြီးငူအထူးဒေသရှိ ဓမ္မာရုံတော်ကြီး၌ ပြုလုပ်ကျင်းပသည်။

ရှေးဦးစွာ အဆိုပါအခမ်းအနားကို ဆရာတော် သံဃာတော်များနှင့် ဧည့်ပရိတ်သတ်အပေါင်းတို့က နမောတဿ သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့ဖွင့်လှစ်ပြီး ဒုတိယမြိုင်ကြီးငူဆရာတော်ဘဒ္ဒန္တ ဉာဏိကထံမှ ကိုးပါးသီးလခံယူဆောက်တည်ပြီးနောက် ဆရာတော် သံဃာတော်အရှင်မြတ်တို့မှ ရွတ်ဖတ်သရဇ္ဈာယ်သော မေတ္တာသုတ်တရားတော်အား နာယူခဲ့သည်။


ယင်းနောက် ဒါယကာ ဒါယိကာမ ဧည့်ပရိတ်သတ်အပေါင်းတို့မှ ဒုတိယမြိုင်ကြီးငူဆရာတော်ထံမှ အနုမောဒနာတရားကိုနာယူပြီး ကရင်ပြည်နယ်အစိုးရအဖွဲ့ စီးပွားရေးရာဝန်ကြီး ဦးစောခင်မောင်မြင့်၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးညီညီဇော်နှင့် အရှေ့တောင်တိုင်းစစ်ဌာနချုပ်မှ တိုင်းစစ်ဦးစီးချုပ် ဗိုလ်မှူးချုပ်ဌေးလွင်ဦးနှင့်တာဝန်ရှိသူများ ဒါယကာဒါယိကာမများမှ ဆရာတော် သံဃာတော်အရှင်သူမြတ်တို့အား လှူဖွယ်ဝတ္တုအစုစုတို့အား ဆက်ကပ်လှူဒါန်း၍ ရေစက်သွန်းချ အမျှပေးဝေခဲ့ကြောင်း သိရသည်။

ထို့နောက် ဆက်လက်၍ ကရင်ပြည်နယ်အစိုးရအဖွဲ့ စီးပွားရေးရာဝန်ကြီးနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီးတို့က နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ပြည်နယ်ဖွံ့ဖြိုးမှုကြီးကြပ်‌‌ရေးရုံးမှ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် မြိုင်ကြီးငူဒေသရှိ ဥယျာဉ်ခြံကျောင်းနှင့် အေးလင်းသာယာကုန်းရှိ စစ်ဘေးရှောင်စခန်း၌နေထိုင်သည့် စစ်ဘေးရှောင်တိုင်းရင်းသားပြည်သူများ သောက်ရေအဆင်ပြေစွာ အသုံးပြုနိုင်ရေးအတွက် ကရင်ပြည်နယ်အစိုးရအဖွဲ့၏ ခွင့်ပြုရန်ပုံငွေကျပ်(တစ်ထောင်သုံးရာနှစ်ဆယ့်ခြောက်သိန်း)ကျော်နှင့် ဒေသခံပြည်သူတို့မှ ပါဝင်ပူးပေါင်းဆောင်ရွက်သည့် ရေရရှိရေးအတွက်(HDPE)ပိုက်လိုင်း အရှည်ပေ(၆၀၀၀)ပေ လုပ်ငန်းဆောင်ရွက်သွယ်တန်းနေမှုအခြေအနေအား သွားရောက်ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)