ချောင်းဆုံ ၊ ဒီဇင်ဘာ ၂၆
မွန်ပြည်နယ် ချောင်းဆုံမြို့နယ်၌ ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ပြည်သူများ အေးချမ်းစွာ ဆန္ဒမဲပေးနိုင်ရေး မဲရုံများ ပြင်ဆင်ထားရှိမှုအခြေအနေနှင့် ရွေးကောက်ပွဲတွင် တာဝန်ထမ်းဆောင်ကြမည့် သက်ဆိုင်ရာတာဝန်ရှိသူများမှ ကြိုတင်ဆန္ဒမဲပေးခြင်းကို ဒီဇင်ဘာ (၂၅)ရက်နေ့ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ တာဝန်ရှိသူများမှ ကွင်းဆင်းကြည့်ရှုခဲ့ကြသည်။
အဆိုပါ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ တာဝန်ရှိသူများမှ မဲရုံအတွင်း ပြင်ဆင်ထားရှိမှုအခြေအနေများ ကြိုတင်ဆန္ဒမဲပေးနိုင်ရေးအတွက် မဲရုံမှူး၊ ဒုတိယမဲရုံးမှူးနှင့် ရပ်ကွက်/ကျေးရွာကော်မရှင်အဖွဲ့ဝင်များ၏ လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများကို ကွင်းဆင်း ကြည့်ရှုခဲ့သည်။ ကြိုတင်ဆန္ဒမဲပေးခြင်းကို ရွေးကောက်ပွဲအတွင်း တာဝန်ထမ်းဆောင်ကြမည့် သက်ဆိုင်ရာတာဝန်ရှိသူများ၊ အသက် (၆၀)နှင့်အထက် သက်ကြီးဘိုးဘွားများနှင့် မသန်စွမ်းသူများအနေဖြင့် ဒီဇင်ဘာ ၂၇ ရက်နေ့အထိ ကြိုတင်ဆန္ဒမဲပေးနိုင်မည်ဖြစ်ပြီး ချောင်းဆုံမြို့နယ်အတွင်း၌ အသက် ၁၈ နှစ်ပြည့်ပြီး ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ (၁၁၇၀၃၁)ဦးရှိပြီး မဲရုံပေါင်း (၇၃)ရုံးရှိကြောင်း မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲမှသိရသည်။
ကိုကျော်(ချောင်းဆုံ)
https://t.me/MyanmarNationalPost
No comments:
Post a Comment