
ညောင်တုန်း ၊ ဒီဇင်ဘာ ၂၃
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးတင်ဆွေဝင်းနှင့်အဖွဲ့သည် ယမန်နေ့နံနက်ပိုင်းက ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးသို့ ရောက်ရှိပြီး မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲနှင့်တွေ့ဆုံ၍ ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးတွက် မဲရုံနေရာအဖြစ် သတ်မှတ်ထားရှိသည် အဆောက်အဦဆိုင်ရာကိစ္စရပ်များ၊ မဲပေးစက်သယ်ယူပို့ဆောင်ရေးဆိုင်ရာကိစ္စရပ်များ၊ သက်ဆိုင်ရာ ဌာနဆိုင်ရအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်နိုင်ရေးကိစ္စရပ်များကို ဆွေးနွေးမှာကြားခဲ့ပြီး မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ တာဝန်ရှိသူများက ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအတွက် ဆောင်ရွက်လျက်ရှိသည့်လုပ်ငန်းစဉ်များကို ဆွေးနွေးတင်ပြခဲ့ရာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်က လိုအပ်သည်များ မှာကြားခဲ့သည်။
ဆက်လက်၍ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်သည် ညောင်တုန်းမြို့၊ အမှတ်(၆)ရပ်ကွက် မဲရုံအဖြစ်ဆောင်ရွက်မည့် ဈေးဦးကျွန်းအခြေခံပညာမူလတန်းကျောင်းသို့ရောက်ရှိပြီး မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲအတွင်းရေးမှူးမှ မဲရုံအခြေအနေနှင့်မဲရုံအတွင်း ဆန္ဒမဲပေးခြင်း လုပ်ငန်းစဉ်များကိုရှင်းလင်းတင်ပြရာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်က မဲရုံအတွင်းဆန္ဒမဲပေးခြင်းလုပ်ငန်းစဉ်များ လွယ်ကူလျှင်မြန်စေရေးအတွက် မဲဆန္ဒနယ်အလိုက်မဲပေးစက်ထားရှိမှုများကို အလေးထားဆောင်ရွက်ရန် လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment