ဒီဇင်ဘာ - ၂၃ ( အင်္ဂါနေ့ )
တရုတ်နိုင်ငံသည် အိန္ဒိယနိုင်ငံမှ ခရီးသွားများအတွက် ဗီဇာလုပ်ငန်းစဉ်ကို အရှိန်မြှင့်ရန်အတွက် အွန်လိုင်းမှ လျှောက်လွှာတင်လို့ရတဲ့စနစ်ကို စတင်လိုက်ပြီဖြစ်ပါတယ်။ အဆိုပါ လှုပ်ရှားမှုသည် အိန္ဒိယနှင့် တရုတ်နိုင်ငံ တို့ သဘောတူညီထားတဲ့ “လူကိုဗဟိုပြု” ယုံကြည်မှု တည်ဆောက်ရေး အစီအမံများရဲ့ တစ်စိတ်တစ်ပိုင်း ဖြစ်တယ်လို့ ဟင်ဒူစတန် တိုင်းမ် သတင်းဌာနက ဖော်ပြခဲ့ပါတယ်။
လုပ်ငန်းစဉ်အသစ်ဖြင့် လျှောက်ထားသူများသည် စာရွက်စာတမ်းအများစုကို ဒစ်ဂျစ်တယ်စနစ်ဖြင့် တင်သွင်းနိုင်သောကြောင့် ဗီဇာလုပ်ဆောင်ခြင်း၏ ကနဦးအဆင့်များအတွင်း အချိန်ကုန်သက်သာမယ်လို့ မျှော်လင့်ရပါတယ်။
အိန္ဒိယဘက်ကတော့ တရုတ်ပညာရှင်များအတွက် စီးပွားရေးဗီဇာများကို အမြန်ရနိုင်ရန် ဗျူရိုကရေစီ စိစစ်မှုအလွှာကို လျှော့ချကာ ဗီဇာခွင့်ပြုချက်အချိန်ကို တစ်လထက်နည်းအောင် လျှော့ချခဲ့ကြောင်း သိရပါတယ်။
၂၀၂၀ ခုနှစ် ဇွန်လအတွင်းက နယ်နိမိတ်ချင်း ခိုက်ရန်ဖြစ်ပွားမှုကြောင့် နှစ်နိုင်ငံကြား ဆက်ဆံရေး တင်းမာလာကာ တရုတ် နိုင်ငံသားများအတွက် စီးပွားရေးဗီဇာများကို တင်းကျပ်စွာ စစ်ဆေးမှုများ ပြုလုပ်ခဲ့ပါတယ်။
၂၀၂၅ ခုနှစ် ဇူလိုင်လတွင် အိန္ဒိယသည် ငါးနှစ်ကြာ ရပ်နားထားတဲ့ တရုတ်နိုင်ငံသားများအား ခရီးသွားဗီဇာများ ပြန်လည်ထုတ်ပေးခဲ့ပါတယ်။ တစ်လအကြာတွင် အိန္ဒိယ၀န်ကြီးချုပ် မိုဒီက ၂၀၁၈ ခုနှစ်နောက်ပိုင်း တရုတ်နိုင်ငံသို့ ပထမဆုံးအကြိမ်လာရောက်လည်ပတ်ခဲ့ပြီး ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ ထိပ်သီးအစည်းအဝေးတွင် တရုတ်သမ္မတ ရှီကျင့်ဖျင် နဲ့ တွေ့ဆုံခဲ့ပါတယ်။
အောက်တိုဘာလတွင် အိန္ဒိယနှင့် တရုတ်တို့သည် ငါးနှစ်ကြာ ရပ်နားထားတဲ့ ၂ နိုင်ငံ လေကြောင်း တိုက်ရိုက်ပျံသန်းမှုများ ပြန်လည်စတင်ခဲ့ပါတယ်။
“နှစ်နိုင်ငံဆက်ဆံရေးကို မဟာဗျူဟာကျကျနဲ့ ရေရှည်ရှုထောင့်ကနေ ကြည့်ရှုကိုင်တွယ်ဖို့ အိန္ဒိယနဲ့ လက်တွဲလုပ်ဆောင်ဖို့ အဆင်သင့်ပါပဲ” ဟု ဘေဂျင်းအစိုးရ က ပြောကြားခဲ့ပါတယ်။
REF: RT
#MNP #News


No comments:
Post a Comment