ဒီဇင်ဘာ - ၆ ( စနေနေ့ )
ယူကရိန်းစစ်ပွဲ လို ကမ္ဘာ့နိုင်ငံရေး အခြေအနေ ၊ အမေရိကန်အခွန်စည်းကြပ်မှုလို ကမ္ဘာ့ကုန်သွယ်ရေးပြဿနာ ကဲ့သို့သော ကမ္ဘာလုံးဆိုင်ရာ ကိစ္စရပ်များတွင် တရုတ်နှင့် ပြင်သစ်တို့က နက်ရှိုင်းသော ပူးပေါင်းဆောင်ရွက်မှုများ လုပ်ကြမယ်လို့ ကတိပြုခဲ့ကြပါတယ်။
ပြင်သစ်သမ္မတ အမ္မာနျူရာယ် မာခရွန် သည် ကုန်သွယ်ရေးနှင့် သံခင်းတမန်ခင်းဆိုင်ရာ သုံးရက်ကြာ နိုင်ငံတော်ခရီးစဉ်၏ တစ်စိတ်တစ်ပိုင်းအဖြစ် ကြာသပတေးနေ့နံနက်ပိုင်းတွင် တရုတ်သမ္မတ ရှီကျင့်ဖျင် နဲ့ တွေ့ဆုံခဲ့ပါတယ်။
ပြင်သစ်ခေါင်းဆောင်သည် ယူကရိန်းနှင့် အပစ်အခတ်ရပ်စဲရေးအတွက် ရုရှားအား ဖိအားပေးရာတွင် ဘေဂျင်းအစိုးရက ပါဝင်လာစေရန် ကြိုးပမ်းနေပြီး မကြာသေးမီက အမေရိကန်ဦးဆောင်သည့် ငြိမ်းချမ်းရေးအစီအစဉ်နှင့်ပတ်သက်၍ သံခင်းတမန်ခင်းကိစ္စတွေက အရှိန်အဟုန်ဖြင့် ထွက်ပေါ်လာခဲ့ပါတယ်။
"ကမ္ဘာ့ငြိမ်းချမ်းရေးကို ဆယ်စုနှစ်များစွာ ယူဆောင်လာခဲ့တဲ့ နိုင်ငံတကာ စည်းမျဉ်းတွေပြိုကွဲတော့မဲ့ အန္တရာယ်ကို ကျနော်တို့ ရင်ဆိုင်နေရပြီး ဤအခြေအနေတွင် တရုတ်နှင့် ပြင်သစ်ကြား ဆွေးနွေးမှုသည် ယခင်ကထက် ပို၍ပင် အရေးကြီးပါတယ်" လို့ ကြာသပတေးနေ့က မာခရွန်က ပြောကြားခဲ့ပါတယ်။
“အရေးကြီးတဲ့ အခြေခံအဆောက်အဦတွေကို ပစ်မှတ်ထားတဲ့ တိုက်ခိုက်မှုတွေကို ဆိုင်းငံ့ထားတာမျိုး အနည်းဆုံး အပစ်အခတ်ရပ်စဲရေး ဆိုင်းငံ့ထားမှုပုံစံနဲ့ အပစ်အခတ်ရပ်စဲရေး အမြန်ဆုံးအောင်မြင်ဖို့ ကျနော်တို့ရဲ့ တောင်းဆိုမှုတွေကို တရုတ်နိုင်ငံက ပူးပေါင်းပါဝင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်” လို့၎င်းက ပြောကြားခဲ့ပါတယ်။
ရှီက ပြင်သစ်၏ တောင်းဆိုမှုကို တုံ့ပြန်ပြောဆိုခြင်း မရှိသော်လည်း “ငြိမ်းချမ်းရေးအတွက် လုပ်ဆောင်သော ကြိုးပမ်းမှုအားလုံးကို တရုတ်က ထောက်ခံတယ် ” နဲ့ နှစ်ဖက်စလုံးက လက်ခံမည့် ငြိမ်းချမ်းရေး သဘောတူညီချက်ကို တောင်းဆိုခဲ့ပါတယ်။
တရုတ်နိုင်ငံသည် ဂါဇာကမ်းမြောင်ဒေသတွင် ဖြစ်ပွားနေသော လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကျပ်အတည်းကို ကူညီရန်နှင့် နယ်မြေပြန်လည်ထူထောင်ရေးနှင့် ပြန်လည်တည်ဆောက်ရေးတို့ကို ပံ့ပိုးကူညီရန်အတွက် ဒေါ်လာသန်း ၁၀၀ ထောက်ပံ့ပေးမည်ဖြစ်ကြောင်း ရှီက ကြေညာခဲ့ပါတယ်။
REF: ABC
#News #MNP #International


No comments:
Post a Comment