ရေနံချောင်းမြို့နယ်၌ လာရောက်မဲပေးသူ ၂၅၀၅၀ ဦးရှိပြီး မဲပေးမှုရာခိုင်နှုန်း ၅၇ ဒသမ ၇၆ ရာခိုင်နှုန်းရှိ - Myanmar National Post

Myanmar National Post

News Agency

Breaking

ရေနံချောင်းမြို့နယ်၌ လာရောက်မဲပေးသူ ၂၅၀၅၀ ဦးရှိပြီး မဲပေးမှုရာခိုင်နှုန်း ၅၇ ဒသမ ၇၆ ရာခိုင်နှုန်းရှိ




ရေနံချောင်း၊ ဒီဇင်ဘာ ၂၉

မကွေးတိုင်းဒေသကြီး ရေနံချောင်းမြို့နယ်၌ ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း(၁)ကို ရပ်ကွက်/ကျေးရွာအုပ်စု ၁၉ အုပ်စုတွင် ယမန်နေ့နံနက် ၆ နာရီက စတင်ကျင်းပရာ ညနေ ၄ နာရီတွင် မဲရုံများပိတ်သိမ်း၍ အောင်မြင်စွာကျင်းပပြီးစီးခဲ့ပြီဖြစ်သည်။

မဲရုံများပိတ်သိမ်းပြီးချိန်တွင် နိုင်ငံရေးပါတီကိုယ်စားလှယ်များ၊ စောင့်ကြည့်လေ့လာသူများနှင့် အသိသက်သေများရှေ့မှောက်တွင် ပွင့်လင်းမြင်သာစွာ ဆန္ဒမဲရလဒ်များကို မဲရုံအလိုက်ရေတွက်ခဲ့ကြပြီး မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲသို့ အပ်နှံခဲ့ကြောင်းသိရသည်။

ရေနံချောင်းမြို့နယ်၌ ရပ်ကွက်(၁၄)ရပ်ကွက်နှင့် ကျေးရွာအုပ်စု(၅)အုပ်စုတွင် မဲရုံပေါင်း ၅၁ ရုံ ဖွင့်လှစ်ကျင်းပရာ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ ၄၃၃၆၇ ဦးရှိပြီး ဆန္ဒမဲပေးသူ ၂၅၀၅၀ ဦးရှိရာ မဲပေးမှုရာခိုင်နှုန်း ၅၇ ဒသမ ၇၆ ရာခိုင်နှုန်းရှိကြောင်းနှင့် နိုင်ငံရေးပါတီလေးခုမှ သက်ဆိုင်ရာလွှတ်တော်နေရာအသီးသီးတွင် ကိုယ်စားလှယ်လောင်း ၁၁ ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြောင်း သိရသည်။


#News #MNP #2025Election


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)