ကန်ကြီးထောင့် ၊ ဒီဇင်ဘာ ၄
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်၌ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ၏ကြီးကြပ်မှုဖြင့် နိုင်ငံသားတိုင်းမဲပေးပိုင်ခွင့်အခွင့်အရေး ပြည့်ဝစွာရရှိစေရေး၊ မဲပေးခြင်းသည် နိုင်ငံသားများမှ အမျိုးသားရေးတာဝန်ထမ်းဆောင်ခြင်းဖြစ်သည့်အတွက် အသက် (၁၈) နှစ်ပြည့်ပြီးသော ဆန္ဒမဲပေးပိုင်ခွင့်ရှိသူများ မဲစာရင်းတွင်မကျန်ရှိစေရေး တစ်အိမ်တက်ဆင်း ကွင်းဆင်း၍ မဲစာရင်းတိုက်ဆိုင်စစ်ဆေးခြင်းကို နိုဝင်ဘာလ (၂၇) ရက်နေ့ကစတင်၍ ရပ်ကွက်၊ ကျေးရွာအသီးသီးတွင် ကွင်းဆင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ထိုသို့ကွင်းဆင်းဆောင်ရွက်လျက်ရှိရာ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်များဖြစ်သည့် မြို့နယ်ပြန်/ဆက်ဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်ဇင်မာဦး၊ မြို့နယ်စိုက်ပျိုးရေး ဦးစီးမှူး ဦးသိန်းနိုင်စိုးနှင့် ဌာနဆိုင်ရာများ၊ သက်ဆိုင်ရာရပ်/ကျေးအုပ်ချုပ်ရေးမှူးများ၊ ရပ်/ကျေးကော်မရှင်ဖွဲ့ခွဲမှ တာဝန်ရှိသူများ ပါဝင်သောအဖွဲ့များက ဝဲကြီးကျေးရွာ၊ ပေပင်လေးကျေးရွာ၊ ပဒဲကောကျေးရွာ၊ ရေတွင်းကုန်းလေးကျေးရွာနှင့်ကံရွာကျေးရွာသို့သွားရောက်၍ နိုင်ငံသားတိုင်းမဲပေးပိုင်ခွင့် အခွင့်အရေးပြည့်ဝစွာရရှိစေရေး၊ မဲပေးခြင်းသည်နိုင်ငံသားများမှ အမျိုးသားရေး တာဝန်ထမ်းဆောင်ခြင်းဖြစ်သည့်အတွက် အသက်(၁၈)နှစ်ပြည့်ပြီး ဆန္ဒမဲပေးပိုင်ခွင့်ရှိသူတိုင်း မဲစာရင်းများတွင် မကျန်ရှိစေရေးအိမ်တိုင်ရာရောက် တစ်အိမ်တက်ဆင်းကွင်းဆင်း၍ မဲစာရင်း တိုက်ဆိုင်စစ်ဆေးမှုအားလိုက်ပါ၍ ကြီးကြပ်ဆောင်ရွက်ခဲ့ကြကြောင်းသိရသည်။
ကျော်ဇင်စိုး
https://t.me/MyanmarNationalPost
No comments:
Post a Comment