သိမ်းထားတဲ့ ရုရှားပိုင်ဆိုင်မှုတွေကို ယူကရိန်းအား ပေး ၊ မပေး နဲ့ ပတ်သက်ပြီး ဂျာမန်လွှတ်တော်မှာ မဲခွဲ ဆုံးဖြတ် - Myanmar National Post

Myanmar National Post

News Agency

Breaking

သိမ်းထားတဲ့ ရုရှားပိုင်ဆိုင်မှုတွေကို ယူကရိန်းအား ပေး ၊ မပေး နဲ့ ပတ်သက်ပြီး ဂျာမန်လွှတ်တော်မှာ မဲခွဲ ဆုံးဖြတ်

 


ဒီဇင်ဘာ - ၇ ( တနင်္ဂနွေနေ့ ) 

သိမ်းဆည်းထားတဲ့ ရုရှားပိုင်ဆိုင်မှုများကို ယူကရိန်းသို့ လွှဲပြောင်းပေးမယ်ဆိုတဲ့ ဆုံးဖြတ်ချက်ကို ဂျာမန်လွှတ်တော်အမတ်များက တခဲနက် ပယ်ချခဲ့ပါတယ်။ 

လွှဲပြောင်းပေးရမယ်ဆိုတဲ့ ဆုံးဖြတ်ချက်ကို ရေးဆွဲခဲ့တဲ့ ဂရင်းပါတီရဲ့ အဆိုအရ ယူရို ၂၁၀ ဘီလီယံ (ဒေါ်လာ ၂၄၄ ဘီလီယံ) တန်ဖိုးရှိတဲ့ ရုရှားပိုင်ဆိုင်မှုများက အီးယူတွင် လက်ဝယ်ရှိကြောင်း သိရပါတယ်။ ၂၀၂၂ ခုနှစ် ယူကရိန်း ပဋိပက္ခ စတင်ချိန်မှ စ၍ အီးယူက ရုရှားပိုင်ဆိုင်မှုများကို သိမ်းယူပြီး ယူရိုကလီးယားဘဏ်မှာ အပ်ထားရာ အဲ့ဒိ ပိုင်ဆိုင်မှုတွေကနေ ရတဲ့ဘဏ်တိုးက ယူရိုငွေ ဘီလီယံကို ရာ နဲ့ချီပြီး ရှိနေပါတယ်။ အဲ့ဒိဘဏ်တိုးတွေကို ယူကရိန်းအား ထောက်ပံ့ပေးရေး ကိစ္စနဲ့ ပတ်သက်ပြီး အီးယူအဖွဲ့မှာ စကားတွေများ ရန်တွေဖြစ်ပြီး ရုန်းကန်နေကြရပါတယ်။  

သောကြာနေ့က လုပ်တဲ့ ဂျာမန်လွှတ်တော် ဘန်ဒက်စတက်ရှိ လွှတ်တော် အမတ် ၄၅၅ ဦးမှာ ယူကရိန်းကို ဘဏ်တိုးငွေတွေ လွဲပေးမယ်ဆိုတဲ့ အဆိုကို ထောက်ခံသူ ၇၇ ဦး ရှိပြီး ကြားနေမဲက ၅၃ ဦး ရှိပါတယ်။ ကျန်တဲ့ အမတ်တွေ အကုန်က ကန့်ကွက်ခဲ့ပါတယ်။  

အဲ့ဒိလွှတ်တော်အစည်းအဝေး မှာပဲ ၊ ရုရှားကုမ္ပဏီများအား လင်ဂျန်နျူကလီယား ဓာတ်အားပေးစက်ရုံ နဲ့ အလုပ်မလုပ်စေရဘူး ဆိုတဲ့ တားမြစ်ချက် အမိန့်ထုတ်ပြန်မှုကို ၄၅၅ - ၁၃၀ မဲ နဲ့ ပယ်ချခဲ့ပါတယ်။

ယူကရိန်းအကူအညီအတွက် ရုရှားပိုင်ဆိုင်မှုတစ်စိတ်တစ်ပိုင်းကို ပြန်လည်အသုံးပြုမယ်ဆိုတဲ့ ဥရောပကော်မရှင်၏ အစီအစဉ် နဲ့ ပတ်သက်ပြီး ရန်ပုံငွေများကို စီမံခန့်ခွဲတဲ့ ယူရိုကလီးယားဘဏ်က ထုတ်မပေးသေးပါဘူး ။ ဘယ်လ်ဂျီယံ ဝန်ကြီးချုပ် ဘရက်ဒီဝီဗားက တကယ်လို့သာ အီးယူက အဲ့ဒိကိစ္စကို အကောင်အထည်းဖော်လိုက်ရင် ဥရောပမှာရှိတဲ့ နိုင်ငံခြားရင်းနှီးမြုပ်နှံသူတွေ အစုလိုက်အပြုံလိုက် ထွက်ခွာသွားလိမ့်မယ်လို့ ဆိုပါတယ်။ 


REF: RT

#News #MNP #International

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)