ချောင်းဆုံ၊ ဒီဇင်ဘာ ၂၇
မွန်ပြည်နယ် ချောင်းဆုံမြို့နယ်၌ ၂၀၂၅ ခုနှစ် ဒီဇင်ဘာ (၂၈) ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအတွက် မဲရုံများ ပြင်ဆင်ထားရှိမှုအခြေအနေနှင့် မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) များ တပ်ဆင်ထားရှိမှု အခြေအနေများကို ယနေ့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင် ဦးကိုကိုလွင် (မွန်ပြည်နယ်တာဝန်ခံ) နှင့် တာဝန်ရှိသူများမှ မဲရုံများအား လိုက်လံကြည့်ရှုခဲ့ကြသည်။
ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင် ဦးကိုကိုလွင် (မွန်ပြည်နယ်တာဝန်ခံ) နှင့် တာဝန်ရှိသူများက မြို့နယ်အတွင်းရှိ မဲရုံများအလိုက် ပြည်သူများ လွတ်လပ်၍အေးချမ်းစွာ ဆန္ဒမဲပေးနိုင်ရေး မဲရုံအတွင်း ပြင်ဆင်ထားရှိမှုအခြေအနေများ၊ မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) များ ကောင်းမွန်စွာ တပ်ဆင်စမ်းသပ်မှုအခြေနေများကို လိုက်လံကြည့်ရှုကာ လိုအပ်သည်များကို မဲရုံးမှူး၊ ဒုတိယမဲရုံးမှူးနှင့် မဲရုံတာဝန်ကျဝန်ထမ်းများ လမ်းညွှန်မှာကြားခဲ့ပြီး ၎င်းတို့၏ တင်ပြင်ချက်များအပေါ် ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြသည်။
ချောင်းဆုံမြို့နယ်အတွင်း၌ ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် အသက် ၁၈ နှစ်ပြည့်ပြီး ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ (၁၁၇၀၃၁) ဦးရှိပြီး မဲရုံပေါင်း (၇၃) ရုံးရှိကြောင်း မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ သိရသည်။
ကိုကျော်
#MNP #News #2025Election


No comments:
Post a Comment