စီးပွား​ရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဘိုကလေးမြို့နယ်မှ ဒေသခံပြည်သူများနှင့်တွေ့ဆုံ - Myanmar National Post

Myanmar National Post

News Agency

Breaking

စီးပွား​ရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဘိုကလေးမြို့နယ်မှ ဒေသခံပြည်သူများနှင့်တွေ့ဆုံ



ဘိုကလေး ၊  ဒီဇင်ဘာ ၁၄

စီးပွား​ရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးချစ်ဆွေနှင့်အဖွဲ့သည် ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်မှ ဒေသခံပြည်သူများနှင့် ဘိုကလေးမြို့နယ်၊ ပညာရေးမှူးရုံး၊ ပညာရတနာခန်းမတွင် ယနေ့နံနက်(၁၁)နာရီခွဲအချိန်က တွေ့ဆုံပွဲ ကျင်းပသည်။

တွေ့ဆုံပွဲသို့ စီးပွား​ရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးချစ်ဆွေနှင့်အတူ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောလင်းခယ်၊ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်ဥက္ကဋ္ဌ ဦးရဲမင်းအောင်နှင့်အဖွဲ့၊  စားသုံးသူရေးရာဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူး ဦးဝင်းထွန်း၊ ဖျာပုံခရိုင်ဦးစီးမှူး ဦးထွေးသိမ်း၊ ဘိုကလေးမြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဇော်ဝင်းလှိုင်နှင့်ကော်မတီဝင်များ၊ ဌာနဆိုင်ရာများ၊ ဘိုကလေးမြို့နယ်အတွင်းမှ လုပ်ငန်းရှင်များ၊ ဒေသခံများပါဝင်သော အင်အား(၂၀၀)ကျော်တက်ရောက်ခဲ့ပြီး တွေ့ဆုံပွဲတွင် ပြည်ထောင်စုဝန်ကြီး ဦးချစ်ဆွေက စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းစဉ်များ၊ နိုင်ငံ့စီးပွားရေးနှင့်စပ်လျဉ်းသည်များအား အဖွင့်အမှာစကားအဖြစ် ပြောကြားပြီး မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်ဥက္ကဋ္ဌ ဦးရဲမင်းအောင်က ပြည်တွင်း၊ ပြည်ပဆန်စပါးဈေးကွက် ဈေးနှုန်းဆိုင်ရာများအား ရှင်းလင်းဆွေးနွေးခဲ့သည်။

ဆက်လက်၍ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်ဥက္ကဋ္ဌ ဦးရဲမင်းအောင်၊ မြန်မာနိုင်ငံဆန်စပါး စိုက်ပျိုးထုတ်လုပ်သူများအသင်းဥက္ကဋ္ဌ ဦးခင်မြင့်၊ မြန်မာနိုင်ငံဆန်စပါးကုန်သည်များအသင်းဥက္ကဋ္ဌ ဦးအောင်မြင့်နှင့် မြန်မာနိုင်ငံဆန်စက်လုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ ဦးလူမော်မြင့်မောင်တို့က ဘိုကလေးမြို့နယ်အတွင်း ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများအတွက် ငွေကျပ်(၂၅)သိန်း၊ အမှတ်(၁)၊ အမှတ်(၂)၊ အမှတ်(၃) အခြေခံပညာအထက်တန်းကျောင်းများအတွက် ကျောင်းဝတ်စုံစရိတ် တစ်ကျောင်းလျှင် ငွေကျပ်(၁၀)သိန်းနှုန်းဖြင့် လှူဒါန်းကြရာ ကျန်းမာရေးကဏ္ဍအတွက် ဘိုကလေးကုတင်(၁၀၀)ပြည်သူ့ဆေးရုံမှ ကလေးအထူးကုဆရာဝန်မှလည်းကောင်း၊ ကျောင်းဝတ်စုံစရိတ်အတွက် ကျောင်းအုပ်ဆရာကြီး၊ ဆရာမကြီးများမှလည်းကောင်း လက်ခံရယူခဲ့ကြကြောင်း သိရသည်။

မိုးစက် (ဘိုကလေး)

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)