ဦးစိုးမောင် မှ မြန်မာနေရှင်နယ်ပို့စ် အယ်ဒီတာချုပ် ကိုနောင်တော်လေး ပါ (၃)ဦး ကို တရားစွဲဆိုထားသောအမှု ရုံးချိန်း - Myanmar National Post

Myanmar National Post

News Agency

Breaking

ဦးစိုးမောင် မှ မြန်မာနေရှင်နယ်ပို့စ် အယ်ဒီတာချုပ် ကိုနောင်တော်လေး ပါ (၃)ဦး ကို တရားစွဲဆိုထားသောအမှု ရုံးချိန်း


နေပြည်တော်၊ ဒီဇင်ဘာ ၃

ဦးစိုးမောင် မှ နေပြည်တော်၊ ဥတ္တရသီရီမြို့နယ်တရားရုံးတွင် မြန်မာနေရှင်နယ်ပို့စ် အယ်ဒီတာချုပ် ကိုနောင်တော်လေး နှင့် လှည်းကူးမြို့နယ်မှ တောင်သူ ဦးသိန်းဦး၊ ဦးမျိုးမင်းထွန်း တို့အား စွဲဆိုထားသောအမှု ရုံးချိန်းကို ယနေ့ (၃-၁၂-၂၀၂၅) ရက်နေ့ နံနက်ပိုင်းက သွားရောက်ခဲ့ကြသည်။

အမှုနှင့် ပတ်သက်၍ ကိုနောင်တော်လေး က "ဦးစိုးမောင် က စွဲဆိုထားတဲ့အမှု ရုံးချိန်းသွားရောက်ခဲ့ပါတယ်။ ကျွန်တော့်ရဲ့ မိတ်ဆွေ ရှေ့နေ ဦးအောင်ကျော်မျိုး က ကျွန်တော့်အတွက် ပါဝါတင်တယ်။ တောင်သူ ၂ဦးကတော့ ရှေ့နေ ငှားမယ်၊ မငှားဘူး ဆုံးဖြတ်ချက် မကျသေးဘူး။ တရားလို ဦးစိုးမောင်လည်း လာပါတယ်။ တရားသူကြီး က နောက်ရုံးချိန်း (၁၇-၁၂-၂၀၂၅) ရက်နေ့ကို ပေးပါတယ်။ ဦးစိုးမောင် က သူမအားလို့ ထွက်ဆိုချက်ပေးနိုင်မှာ မဟုတ်ဘူးဆိုပြီး ရက်ချိန်းထပ်တောင်းတော့ (၂၂-၁၂-၂၀၂၅) ရက်နေ့ ရုံးချိန်းပေးပါတယ်။ သူက စွဲဆိုထားတော့ ကျွန်တော်တို့က ရင်ဆိုင်ဖြေရှင်းရမှာပဲ ဖြစ်ပါတယ်" ဟု ပြောသည်။

မြန်မာနေရှင်နယ်ပို့စ် အယ်ဒီတာချုပ် ကိုနောင်တော်လေး က ဦးစိုးမောင်နှင့် မြေယာပြဿနာဖြစ်နေသော လှည်းကူးမြို့နယ်မှ တောင်သူ ဦးသိန်းဦးနှင့် ဦးမျိုးမင်းထွန်း တို့ကို အင်တာဗျူးမေးမြန်း၍ ဖော်ပြခဲ့ခြင်းအပေါ် ဦးစိုးမောင် က ဆက်သွယ်ရေးဥပဒေပုဒ်မ (၆၆-ဃ) ဖြင့် တရားစွဲဆိုခဲ့ခြင်းဖြစ်သည်။

ယနေ့ ရုံးချိန်းသို့ ကိုနောင်တော်လေး ၏ ဆရာတော်များနှင့် နေပြည်တော်အမျိုးသားရေးအဖွဲ့ဝင်များ က လိုက်ပါ ဝန်းရံခဲ့ကြသည်။


#MNP #News 

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)