အမေရိကန်က ရွှေ့ပြောင်းတွေကို လက်မခံတော့ဘူးလို့ ဆို - Myanmar National Post

Myanmar National Post

News Agency

Breaking

အမေရိကန်က ရွှေ့ပြောင်းတွေကို လက်မခံတော့ဘူးလို့ ဆို


ဒီဇင်ဘာ - ၃ ( ဗုဒ္ဓဟူးနေ့ ) 

အမေရိကန်မှာ ရွှေ့ပြောင်းနေထိုင်သူတွေကြောင့်ဖြစ်တဲ့ ရာဇဝတ်မှုတွေက များလာပြီဖြစ်လို့  ခရီးသွားလာခွင့် ပိတ်ပင်မှုကို ကျယ်ကျယ်ပြန့်ပြန့် လုပ်ရန် လိုအပ်ကြောင်း အမိမြေလုံခြုံရေးဝန်ကြီး ခရစ္စတီးနိုအမ် က ပြောကြားခဲ့ပါတယ်။ 

ပြီးခဲ့တဲ့ သီတင်းပတ်က ဝါရှင်တန်ဒီစီတွင် အမျိုးသားအစောင့်တပ်သားနှစ်ဦး ပစ်ခတ်ခံရမှုမှာ သံသယရှိသူက ခိုလှုံခွင့်တောင်းခံသူ အာဖဂန်သားတစ်ဦးဖြစ်တာကို ဖော်ထုတ်တွေ့ရှိပြီးနောက် ယခုလို့ ပိတ်ပင်မှုတွေကို လုပ်တော့မှာပဲ ဖြစ်ပါတယ်။ လောလောဆယ် အာဖဂန်နိုင်ငံကူးလက်မှတ်ကိုင်ဆောင်သူများအားလုံးကို အမေရိကန်ကဗီဇာ မထုတ်ပေးတော့ပါဘူး။  

နိုအမ်က သူမရဲ့ အိတ်စ် ဆိုရှယ်မီုယာ အကောင့်မှာ “ကျမ သမ္မတဒေါ်နယ်ထရမ့်နဲ့ တွေ့ပြီးပါပြီ။ ကျမတို့နိုင်ငံကို လူသတ်သမားတွေက မျှော့သွေးစုတ်သလို လုပ်နေကြတယ်။ အဲ့ဒီလို အစုတ်အပြတ်တွေ လွှမ်းမိုးမလာအောင် နိုင်ငံရေး သမိုင်းကြောင်း မကောင်းတဲ့ နိုင်ငံတွေအားလုံးကို ခရီးသွားလာခွင့် အပြည့် ပိတ်ပစ်မယ်ဆိုပြီး အကြံပြုထားပါတယ်” လို့ရေးတင်ခဲ့ပါတယ်။ 

အမေရိကန်ကိုလာတဲ့ “ပြည်ပကျူးကျော်သူများ” က “ကျမတို့ရဲ့သူရဲကောင်းများကို သတ်ခြင်း” သို့မဟုတ် အခွန်ထမ်းသူတွေရဲ့ငွေကို ဖြုန်းတီးသလိုဖြစ်နေတယ်။ အမေရိကန်က “နိုင်ငံခြားကျူးကျော်သူများအတွက် တည်ဆောက်ထားခြင်းမဟုတ်ပါဘူး။ သူတို့ကို ကျမတို့ မလိုလားပါဘူး” လို့  ဘယ်နိုင်ငံတွေကို ပိတ်ပင်မယ်ဆိုတာကို မဖော်ပြဘဲ ရေးသားခဲ့ပါတယ်။ သူမရဲ့ပို့စ်ကို ထရမ့်ကိုယ်တိုင်က သူ့ရဲ့ထရုသ် ဆိုရှယ်မီဒီယာမှာ မျှဝေခဲ့ပါတယ်။ 

အမိမြေလုံခြုံရေးဌာနက အာဖဂန်မှာ တာလီဘန်တွေ အာဏာပြန်သိမ်းပြီးနောက် အားနည်းတဲ့ အာဖဂန်တွေကို ကယ်ထုတ်ဖို့ ၂၀၂၁ ခုနှစ်မှာ စတင်ခဲ့ပြီး ပြည်ဝင်ခွင့်ပေးခဲ့တာပါ။ အဲ့ဒိအစီစဉ်ကနေ ပါလာတဲ့ အာဖဂန် အမျိုးသား လာကန်ဝေါက အနောက်ဗာဂျီးနီးယား အမျိုးသား အစောင့်တပ်ဖွဲ့ဝင် နှစ်ဦးကို သေနတ်နဲ့ ပစ်သတ်ခဲ့တာပါ။ တိုက်ခိုက်ခံရတဲ့ တပ်ဖွဲ့ဝင် ၂ယောက်အနက် အမျိုးသမီးစစ်သည် ဆာရာဘက်စထရောင်းက ကျဆုံးသွားပြီဖြစ်ပြီး ကျန်တစ်ယောက်က တော့ အရေးပေါ်မှာ ကုနေရဆဲဖြစ်ပါတယ်။ 


REF: RT

#MNP #News 

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)