နမ့်စန်မြို့နယ်တွင် စည်ပင်သာယာရေးဌာန၏ ၂၀၂၆-၂၀၂၇ ခု ဘဏ္ဍာရေးနှစ်အတွက် အရပ်ရပ်အခွင့်အရေးလုပ်ငန်းလိုင်စင်နှင့် သားသတ်လုပ်ငန်းလိုင်စင်များ လေလံရောင်းချ - Myanmar National Post

Myanmar National Post

News Agency

Breaking

နမ့်စန်မြို့နယ်တွင် စည်ပင်သာယာရေးဌာန၏ ၂၀၂၆-၂၀၂၇ ခု ဘဏ္ဍာရေးနှစ်အတွက် အရပ်ရပ်အခွင့်အရေးလုပ်ငန်းလိုင်စင်နှင့် သားသတ်လုပ်ငန်းလိုင်စင်များ လေလံရောင်းချ



နမ့်စန်(တ) ၊  ဒီဇင်ဘာ ၃၀

ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်မြို့နယ်တွင် နမ့်စန်မြို့နယ်နှင့် ခိုလမ်မြို့ စည်ပင်သာယာရေး ဌာနတို့မှ ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်အတွက် အရပ်ရပ်အခွင့်အရေးလိုင်စင် (သက်တမ်းတိုး)နှင့် သားသတ်လိုင်စင်လုပ်ကိုင်ခွင့်များကို ဈေးပြိုင်စနစ်ဖြင့်လေလံရောင်းချပွဲ အခမ်းအနားအား ယနေ့နံနက် ၁၀ နာရီက အမှတ်(၂)ရပ်ကွက်ရှိ မြို့နယ်ခန်းမတွင် ကျင်းပခဲ့ရာ နမ့်စန်ခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးသက်နိုင်၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးနေမျိုးထွန်း၊ မြို့နယ်စည်ပင်သာယာရေးအမှုဆောင်အရာရှိ ဦးအောင်နိုင်ဦးနှင့် မြို့နယ်လေလံရောင်းချရေးကြီးကြပ်မှုအဖွဲ့များ၊ လေလံဆွဲဝယ်ယူမည့် လုပ်ငန်းရှင်များ တက်ရောက်ခဲ့ကြသည်။

ဦးစွာ မြို့နယ်လေလံရောင်းချရေးကြီးကြပ်မှုအဖွဲ့ ခေါင်းဆောင် ဦးဇေယျာဟန်က အဖွင့်အမှာစကား ပြောကြားခဲ့သည်။ထို့နောက် ရှမ်းပြည်နယ်စည်ပင်သာယာရေးဌာနမှ ပြည်နယ်လေလံကြီးကြပ်ရေးအဖွဲ့ လက်ထောက်ညွှန်ကြားရေးမှူး ဦးထိန်လင်းက လေလံရောင်းချခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ပြီး လေလံရောင်းချရေးအဖွဲ့အတွင်းရေးမှူး ဦးကျော်မင်းထွန်းက အရပ်ရပ်အခွင့်အရေး လိုင်စင်နှင့် သားသတ်လုပ်ငန်းလိုင်စင်များ၏ လေလံစည်းကမ်းများကို ရှင်းလင်းပြောကြားခဲ့သည်။

ဆက်လက်၍ ဈေးပြိုင်စနစ်ဖြင့် လေလံရောင်းချပွဲကိုဆောင်ရွက်ခဲ့ပြီး နမ့်စန်မြို့နယ်နှင့် ခိုလမ်မြို့ စည်ပင်သာယာရေးဌာနတို့၏ အရပ်ရပ်အခွင့်အရေးလုပ်ငန်းလိုင်စင်(၁၀)ခုအတွက် ကြမ်းခင်းဈေး (၂၀၉၇)သိန်းအပေါ်တွင် (၂၁၇၂)သိန်းကိုလည်းကောင်း၊ သားသတ်လိုင်စင်(၂၂)ခုအတွက် ကြမ်းခင်းဈေး(၂၀၃၈)သိန်းအပေါ်တွင် (၂၂၀၀)သိန်းကိုလည်းကောင်း လေလံရောင်းချနိုင်ခဲ့ကြောင်း မြို့နယ်စည်ပင်သာယာရေးဌာနမှ သိရသည်။

သူရအောင်(နမ့်စန်)

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)