အိမ်မဲမြို့တွင် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ညှိနှိုင်းဆွေးနွေး - Myanmar National Post

Myanmar National Post

News Agency

Breaking

အိမ်မဲမြို့တွင် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ညှိနှိုင်းဆွေးနွေး




အိမ်မဲ  ၊ ဒီဇင်ဘာ ၁၅


ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရွှေပြည်တန်ခန်းမတွင် မြောင်းမြခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ၊ အိမ်မဲမြို့နယ် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီနှင့် မြို့နယ်ဌာနဆိုင်ရာများ၊ ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ စာရေးဝန်ထမ်းများက ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအကောင်အထည်ဖော်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် (၁၁) နာရီအချိန်က ကျင်းပခဲ့ကြောင်း သိရသည်။

အစည်းအဝေးတွင် မြောင်းမြခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမောင်မောင်က ပါတီစုံဒီမိုကရေစီရွေးကောက်ပွဲဆိုင်ရာ အကြောင်းအရာများ၊ နိုင်ငံ့စီးပွားမြှင့်တင်ရေး ဆောင်ရွက်သည့် လုပ်ငန်းများ၊ ကြဲခင်းစနစ်ပပျောက်ရေးအတွက် Drum Seeder အသုံးပြု၍ စိုက်ပျိုးခြင်း အကြောင်းအရာများ၊ နွေးစပါး၊မိုးစပါး၊ စားသုံးဆီဖူလုံစေရေးအတွက် နေကြာစိုက်ဧကများကို သတ်မှတ်သည့်ဧကအတိုင်းစိုက်ပျိုးကြရန်တို့ကို ပြောကြားခဲ့သည်။

ဆက်လက်ပြီးအိမ်မဲမြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးသက်ကိုကိုဦးနှင့် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များက ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အကြောင်းအရာများ၊ ဒေသဖွံ့ဖြိုးရေးလုပ်ငန်များ၊ ကော်ဖီ၊ ပဲပုတ်၊ နေကြာသီနှံများ အောင်မြင်စွာစိုက်ပျိုးမည့်ကိစ္စများ၊ Green Zoom အကောင်အထည်ဖော်ဆောင်ရွက်နေသည့် အကြောင်းအရာများ၊ လုံခြုံရေးဆိုင်ရာကိစ္စရပ်များကို လည်းကောင်း၊ စိုက်ပျိုးရေးကိစ္စရပ်များတွင် ပန်းတိုင်အတွက်နှုန်းရရှိစေရေး အကြောင်းအရာများကိုလည်းကောင်း၊ ပြည်သူ့စစ်မှုထမ်း အကြောင်းအရာများကိုလည်းကောင်း အကျယ်တဝင့် ဆွေးနွေးပြောကြားခဲ့သည်။

ထို့နောက် တက်ရောက်လာသည့်ဌာနဆိုင်ရာများ၊ ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် စာရေးဝန်ထမ်းများက မိမိတို့ဆောင်ရွက်ထားရှိမှုများ၊ ရပ်ရွာအတွင်းဒေသဖွံဖြိုးရေးဆိုင်ရာ ကိစ္စရပ်များကို တင်ပြဆွေးနွေးခြင်းနှင့် သိရှိလိုသည်များကိုမေးမြန်းဆွေးနွေးခဲ့ရာ တာဝန်ရှိသူများက ရှင်းလင်းပြောကြားခဲ့ပြီး ရှေ့ဆက်ဆောင်ရွက်ရမည့်လုပ်ငန်းများအား ဆက်လက်ဆွေးနွေးခဲ့ကြသည်။


ချစ်သက်လယ်

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)